ဘာစီလိုနာအသင်းရဲ့အဓိကကစားသမားမက်ဆီကတော့တစ်ကမ္ဘာလုံးကပရိသတ်တွေအားကျနေရတဲ့ကစားသမားပဲဖြစ်ပါတယ်။ပရိသတ်တွေသာမက ဘောလုံးသမားအချင်းချင်းတောင်သူ့ရဲ့ခြေစွမ်းတွေကိုအတုယူနေရတာပါ။သူကတော့အသင်းရဲ့အရေးပါတဲ့ကစားသမားဖြစ်ပြီးအဓိကသွင်းဂိုးတွေနဲ့အောင်မြင်မှုတွေယူပေးနိုင်တာဖြစ်ပါတယ်။

သူကတော့ကလပ်အသင်းမှာအရေးပါတဲ့ကစားသမားဖြစ်ပြီးနိုင်ငံအသင်းမှာလည်းမပါမဖြစ်ပါ။ပြီးခဲ့တဲ့ကမ္ဘာဖလားပြိုင်ပွဲအပြီးမှာတော့နိုင်ငံအသင်းကအနားယူပြီလို့ကြော်ငြာလိုက်ပါတယ်။အဆိုပါသတင်းကြောင့်အာဂျင်တီးနားပရိသတ်တွေစိတ်မကောင်းဖြစ်ခဲ့ကြတာပါ။သူ့ကိုအာဂျင်တီးနားအသင်းအတွက်ကစားပေးဖို့ပြန်တောင်းဆိုသူတွေလည်းအများအပြားပါပဲ။

ခုမှာတောအာဂျင်တီးနားပရိသတ်တွေနဲ့မက်ဆီကိုချစ်တဲ့ပရိသတ်တွေနိုင်ငံတစ်ကာပွဲတွေမှာမြင်ရတော့မှာပါ။နိုင်ငံအသင်းမှာပြန်ကစားဖို့ဆုံးဖြတ်လိုက်တာကြောင့်အာဂျင်တီးနားပရိသတ်တွေကသူတို့အသင်းအောင်မြင်နိုင်ဖို့မျှော်မှန်းချက်တွေမြင့်တက်လာခဲ့ပါတယ်။ပရိသတ်တွေအတွက်လည်းမက်ဆီရဲ့နိုင်ငံအသင်းကပုံရိပ်အချို့ကိုတင်ဆက်ပေးလိုက်ကပြီးအားပေးကြပါဦးနော်။

source:the sun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။