အာရှယူ၂၃ခြေစစ်ပွဲတွေကိုမကြာခင်ရက်ပိုင်းမှာစတင်ယှဉ်ပြိုင်ကစားရတော့မှာဖြစ်ပါတယ်။အာရှယူ၂၃ခြေစစ်ပွဲကိုအိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့်ကျွန်တော်တို့မြန်မာအသင်းကတော့နီပေါ၊မကာအိုနဲ့အာရှထိပ်သီးဂျပန်တို့နဲ့တစ်အုပ်စုတည်းကျရောက်နေတာဖြစ်ပါတယ်။မြန်မာအသင်းရဲ့အုပ်စုပွဲတွေကိုတော့လာမယ့်၂၂ရက်နေ့ကနေ၂၆ရက်နေ့အထိရန်ကုန်မြို့သုဝဏ္ဏကွင်းမှာယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

ပြောင်းလဲမှုတွေနဲ့မြန်မာအသင်းဟာနည်းပြသစ်ရဲ့လက်ထက်မှာဒုတိယမြောက်နိုင်ငံတစ်ကာပွဲယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့လကယှဉ်ပြိုင်ကစားခဲ့တဲ့အာစီယံပြိုင်ပွဲမှာရလဒ်တွေမကောင်းတဲ့မြန်မာအသင်းဟာခုအိမ်ရှင်အဖြစ်ကျင်းပမယ့်ပြိုင်ပွဲမှာတော့အောင်မြင်ဖို့လိုအပ်နေတာပါ။ဒါကြောင့်ပြိုင်ပွဲနီးကပ်လာတာနဲ့အမျှလေ့ကျင့်ခန်းအစီစဉ်တွေကိုမပြတ်လုပ်ပြီးကြိုးစားနေကြတာဖြစ်ပါတယ်။ခုပြိုင်ပွဲဟာအာရှပြိုင်ပွဲဖြစ်တာကြောင့်မြန်မာအသင်းဟာမဖြစ်မနေခြေစစ်ပွဲအောင်ဖို့လိုအပ်နေတာပါ။

ဒီပြိုင်ပွဲမှာမြန်မာအသင်းဟာဂျပန်အသင်းကိုအကောင်းဆုံးယှဉ်ပြိုင်နိုင်ခဲ့ပါကခြေစစ်ပွဲအောင်ဖို့ရှိနေတာဖြစ်ပါတယ်။အာရှပြိုင်ပွဲတွေနဲ့ဝေးကွာနေတဲ့မြန်မာအသင်းအတွက်တော့ဒီပြိုင်ပွဲဟာအရေးကြီးနေတာပါ။လေ့ကျင့်မှုတွေနဲ့မြန်မာအသင်းဘယ်လိုခြေစွမ်းတွေနဲ့အောင်မြင်မှုတွေယူနိုင်မလဲဆိုတာကတော့သောကြာနေ့မှာကစားမယ့်တီမောအသင်းနဲ့ပွဲကိုကြည့်ပြီးအားပေးကြပါဦးနော်။

source- MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။