မန်ချက်စတာစီးတီးအသင်းဟာ အက်သလက်တီကိုကွင်းလယ်ကစားသမား ဆောလ်နီဂွက်ဇ်ကို လာမယ့်ရာသီမှာ ခေါ်ယူဖို့အတွက် ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။ မန်စီးတီးနည်းပြ ဂွာဒီယိုလာက ဆောလ်နီဂွက်ဇ်ရဲ့ ခြေစွမ်းအပေါ် စောင့်ကြည့်မှုတွေအပြီးမှာ သူ့အသင်း ကွင်းလယ်ပိုင်းကို အားဖြည့်ဖို့အတွက် ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဖရန်ကီဒီဂျောင်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့်လည်း ဘာစီလိုနာအသင်းနဲ့ အပြိုင်ခေါ်ယူနိုင်ခဲ့ခြင်းမရှိခဲ့ပဲ လက်လွှတ်ခဲ့ရပြီးနောက်မှာ ဂွာဒီယိုလာအတွက် ကစားသမားက ရှားပါးနေခဲ့ပါတယ်။ ဒါပေမယ့်လည်း အသက်(၂၄)နှစ်အရွယ် ဆောလ်နီဂွက်ဇ်ရဲ့ အထင်ကြီးဖွယ် စွမ်းဆောင်ရည်တွေက ဂွာဒီယိုလာကို ဆွဲဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးအနေနဲ့ အက်သလက်တီကိုအသင်းက ကစားသမားတစ်ဦးဖြစ်တဲ့ အဂူရိုကို ခေါ်ယူခဲ့ဖူးသလို ငွေကြေးအင်အားလည်း အများအပြားသုံးစွဲနိုင်တာကြောင့် ဆောလ်နီဂွက်ဇ်အတွက် အမှန်တကယ်သာ ကြိုးစားခဲ့မယ်ဆိုရင် ခေါ်ယူနိုင်ချေ ရှိဖွယ်ရှိပါတယ်။ အက်သလက်တီကိုကလည်း ငွေကြေးအများအပြားသာ ရမယ်ဆိုရင် သူတို့ရဲ့ ကစားသမားတွေကို ရောင်းချလေ့ရှိတဲ့ အစဉ်အလာကလည်း ရှိနေခဲ့ပါတယ်

source:the sun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။