နှုတ်ခမ်းနီမလေးတွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားတဲ့ မော်လ်ဒယ်သရုပ်ဆောင် အဆိုတော်ချောဟိန်းမင်းသူကိုတော့ ပရိသတ်တွေကို အထူးတလည် မိတ်ဆက်ပေးစရာမလိုတော့ပါဘူးနော်။ မိန်းကလေး ပရိသတ်အများဆုံးရရှိထားတာဖြစ်ပြီး သရုပ်ဆောင်အဆိုတော်ချောလေးတစ်ယောက်ဖြစ်တဲ့ဟိန်းမင်းသူကိုတော့ မြန်မာဂျက်စတင်ဘီဘာလို့ ပရိသတ်တွေကတင်စားခေါ်ဝေါ်နေကြတာပဲဖြစ်ပါတယ်။

အဆိုတော် ဟိန်းမင်းသူကတော့ သီချင်းဆိုကောင်းရုံတင်မဟုတ်ပဲ သရုပ်ဆောင်ကောင်းတာဖြစ်ပြီး ပရိသတ်တွေအပေါ် ချစ်ခင်ကြင်နာတတ်တဲ့ အပြုအမူလေးတွေကြောင့် ရေပန်းစားအောင်မြင်လာတာပဲဖြစ်ပါတယ်။ လတ်တလောမှာလည်း ပရိသတ်တွေအတွက် သီချင်းအသစ်လေးတွေကို ကိုယ်တိုင်ပြုလုပ်ဖန်တီးနေတာပဲဖြစ်ပါတယ်။

ဟိန်းမင်းသူဟာဆိုရင် ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူရဲ့နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိူကိုအစဉ်အမြဲဖော်ပြပေလးလေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း သူရဲ့ယောက်ျားပီသသော ပုံရိပ်လေးတွေနဲ့အတူ "သက်တန့်မကွေးခင် ကိုနဲ့ လျှောက်လည်လို့ရအောင် စာအရင်ကျက်" ဆိုတဲ့စာသားလေးနဲ့တကွ ထုတ်ဖော်တင်ဆက်ပြသထားတာကို Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...။

Source Hein Min Thu 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။