အီတလီထိပ်သီးကလပ် ဂျူဗင်တပ်အသင်းဟာ စီရော်နယ်ဒိုနဲ့ တွဲဖက်ကစားဖို့အတွက် မန်ယူတိုက်စစ်မှူး ဆန်းချက်ဇ်ကို အလိုရှိနေတယ်လို့ သိရပါတယ်။ဆန်းချက်ဇ်ဟာ မန်ယူအသင်းမှာ ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ ဒဏ်ရာရနေတာကြောင့်လည်း ရာသီကုန်အထိ ပါဝင်ကစားနိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

ဂျူဗင်တပ်အသင်းကတော့ လာမယ့်ရာသီမှာ ဥရောပရဲ့ အတောင့်တင်းဆုံး အသင်းအဖြစ် တည်ဆောက်နေတာကြောင့် ဆန်းချက်ဇ်ကို ခေါ်ယူပြီး အသင်းတိုက်စစ်ကို မြှင့်တင်ဖို့ ဆန္ဒရှိနေတယ်လို့ ဆိုပါတယ်။ဒါပေမယ့်လည်း ဆန်းချက်ဇ်ရဲ့လုပ်ခက တပတ် ပေါင် ၅ သိန်းအထိ ရှိနေတာကြောင့် ခေါ်ယူဖို့ အခက်အခဲ ရှိနိုင်တယ်လို့ သိရပါတယ်။

ဂျူဗင်တပ်အသင်းဟာ အာဆင်နယ် ကွင်းလယ်ကစားသမား ရမ်ဆေးကိုလည်း ခေါ်ယူစာချုပ်ထားပြီး တပတ်ပေါင်လေးသိန်း ပေးချေရမှာဖြစ်လို့ ကစားသမားတွေရဲ့ လုပ်ခလစာအတွက် ငွေအမြောက်အမြား ပေးချေနေရတာဖြစ်ပါတယ်။

source: the sun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။