အင်္ဂလန်ပရီးမီးယားလိဒ်ရဲ့ထိပ်သီးအသင်းဖြစ်တဲ့စပါးအသင်းဟာမကြာခင်မှာသူတို့ရဲ့အိမ်ကွင်းကြီးကိုဖွင့်လှစ်တော့မှာဖြစ်ပါတယ်။ချန်ပီယံလိဂ်ပြိုင်ပွဲတွေကိုယှဉ်ပြိုင်ရတာကြောင့်အသင်းရဲ့အိမ်ကွင်းကိုအဆင့်မှီမှီတည်ဆောက်နေတာပါ။ခုမှာတော့စပါးအသင်းရဲ့အိမ်ကွင်းအသစ်

ကြီးကပြီးဆုံးခဲ့ပြီးအိမ်ကွင်းပွဲတွေကိုကစားရတော့မှာဖြစ်ပါတယ်။

သူတို့ရဲ့အိမ်ကွင်းသစ်ကြီးကိုတော့လာမယ့်ဧပြီလ၃ရက်နေ့မှာကစားမယ့် Crystal Palace နဲ့ပွဲစဉ်မှာဖွင့်ပွဲကစားရတော့မှာ့ဖြစ်ပါတယ်။ချန်ပီယံလိဒ်ပြိုင်ပွဲတွေကစားဖို့ရှိတဲ့စပါးအသင်းအတွက်တော့ကြီးကျယ်ခမ်းနားလှတဲ့အိမ်ကွင်းသစ်ကြီးမှာမှတ်တမ်းသစ်တွေရေးထိုးနိုင်တော့မလားဆိုတာစိတ်ဝင်စားစရာပဲဖြစ်ပါတယ်။

စပါးအသင်းရဲ့အိမ်ကွင်းအသစ်ကြီးဟာဥရောပရဲ့အခမ်းနားဆုံးဘောလုံးကွင်းကြီးဖြစ်လာတော့မှာဖြစ်ပါတယ်။ပရီးမီးယားလိဒ်မှာလည်းဒုတိယမြောက်အကြီးဆုံးကွင်းဖြစ်လာတော့မှာပါ။စပါးအသင်းရဲ့အိမ်ကွင်းကြီးထဲမှာတော့ Sky Bar,Shopping centerနဲ့ hotelတွေပါဝင်မှာဖြစ်ပါတယ်။ပရိသတ်တွေအတွက်လည်းစိတ်ဝင်စားစရာစပါးအသင်းရဲ့အိမ်ကွင်းသစ်ကြီးvideoကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:Oh My Goal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။