ပြီးခဲ့တဲ့ မတ်လ (၅) ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ပထမဆုံးအကြိမ် " Mini Mister Myanmar & Mini Miss Myanmar " ပြိုင်ပွဲကြီးမှာတော့ အသက် (၄)နှစ်အရွယ် သမီးလေး သွန်းမြတ်ကြယ်စင်က သရဖူဆုကြီးကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ဒီပွဲကြီးမှာတော့ သမီးလေး သွန်းမြတ်ကြယ်စင်က မြန်မာနိုင်ငံရဲ့ အသက်အငယ်ဆုံး Miss လေးအဖြစ် " Little Miss Supranational Myanmar " သရဖူဆုကို ချီးမြှင့်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ (၁၉) ရက်နေ့မှာတော့ ဆုရရှိခဲ့တဲ့ သားလေး ကောင်းရှင်းသန့်နဲ့ သမီးလေး သွန်းမြတ်ကြယ်စင်တို့အတွက် Congratulations Party ပွဲလေးကို ကျင်းပပြုလုပ်ပေးခဲ့ပြီး မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီပွဲလေးမှာတော့ Little Miss သွန်းမြတ်ကြယ်စင်က ပရိသတ်တွေသိလိုသမျှ မေးခွန်းတွေကို သွက်သွက်လက်လက်နဲ့ သေချာဖြေကြားခဲ့ပါတယ်။ သမီးလေးက စကားပြောဆိုရာမှာလည်း အရမ်းကို ယဉ်ကျေးသိမ်မွေ့ပြီး အရွယ်လေးနဲ့မလိုက်အောင် ထက်မြက်တဲ့ ကလေးလေး ဖြစ်ပါတယ်။

Little Miss သွန်းမြတ်ကြယ်စင်လေးက မင်းသမီးထဲမှာတော့ သင်ဇာဝင့်ကျော်ကို ကြိုက်ပါတယ်ရှင့် နည်းနည်းလေးပေါ်တာကို ကြိုက်တာပါရှင့်ဆိုပြီးလည်း ချစ်စရာအမူအရာလေးတွေနဲ့ ဖြေကြားခဲ့ပါသေးတယ်။ ဒါ့အပြင် သမီးလေးက နိုင်ငံခြားမှာ သွားရောက်ယှဉ်ပြိုင်ဖို့ရှိကြောင်း ပြောပြခဲ့သလို ပရိသတ်တွေအတွက်လည်း သီချင်းသီဆိုပြခဲ့တာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် Little Miss လေး သွန်းမြတ်ကြယ်စင်ရဲ့ ချစ်စရာကောင်းတဲ့ အင်တာဗျူးဗီဒီယိုလေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Myanmarload TV & Miss Golden Land Myanmar;

Photo credit;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။