ပရိတ်သတ်ကြီးရေ အနုပညာလောကထဲကို ကြော်ငြာတွေအတူတူရိုက်ပြီး ဝင်ရောက်လာတဲ့ နန်းမြတ်ဖြိုးသင်းနဲ့နန်းသူဇာ တို့ သူငယ်ချင်းနှစ်ယောက်ကတော့ အရမ်းကိုချစ်စရာကောင်းတဲ့ ကောင်မလေးတွေပဲဖြစ်ပါတယ်။သူငယ်ချင်းနှစ်ယောက်က အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်ခဲ့တဲ့ အချိန်မှစပြီး ယခုချိန်ထိ ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိခဲ့ပါတယ်နော်။သူတို့နှစ်ယောက်က ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး ကြော်ငြာအများအပြားကို လည်း ရိုက်ကူးခဲ့ပါတယ်။

အခုဆိုရင်တော့ နန်းမြတ်ဖြိုးသင်းက ချစ်ရသူနဲ့အတူ နှစ်ယောက်တစ်ဘဝလေး တည်ဆောက်လိုက်ပြီး သားယောကျာ်းလေးကိုယ်ဝန်ကို လွယ်ထားရပြီး နန်းသူဇာကတော့ အဆိုတော် ကျော်ထွဋ်ဆွေနဲ့ မေတ္တာမျှနေကြတာ သက်တမ်းတစ်ခုထိ ကြာမြင့်နေပါပြီနော်။နန်းမြတ်ဖြိုးသင်းကလည်း ကိုယ်ဝန်လေးလွယ်ထားတဲ့ အချိန်မှစပြီး အနုပညာအလုပ်တွေကို ရပ်နားကာ ကြော်ငြာလေးတစ်ချို့ကိုသာရိုက်ကူးပြီး ပွဲအခမ်းအနားတွေကိုသာ ချစ်ခင်ပွန်းနဲ့ အတူတူ တက်ရောက်နေပါတယ်နော်။

နန်းမြတ်ဖြိုးသင်းတို့ သူငယ်ချင်းနှစ်ယောက်က ယခုချိန်ထိလည်း ခင်ခင်မင်မင်နဲ့ သွားအတူလာအတူနဲ့ အားလပ်ရက်တွေကို အချိန်ဖြုန်းတတ်ကြပါတယ်။အခုဆိုရင်တော့ နန်းမြတ်ဖြိုးသင်းတို့ ဇနီးမောင်နှံနဲ့ နန်းသူဇာတို့စုံတွဲက အချင်းချင်းတွေ့ဆုံကြပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ သူငယ်ချင်းနှစ်ယောက် ဆုံတွေ့ခဲ့တဲ့ အမှတ်တရလေးတွေကို ပရိတ်သတ်ကြီးအတွက် လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေထားပါတယ်နော်။

Source:Nann Myat Phyo Thin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။