ချစ်ပရိသတ်ကြီးရေ ရှမ်းတိုင်းရင်းသူလေးဖြစ်တဲ့ နန်းစန္ဒာလှထွန်း ကိုသိကြမယ်ထင်ပါတယ်နော်။ ကလေးတစ်ယောက်လို ဖြူစင်တဲ့မျက်နှာထားလေးနဲ့ ချစ်ဖို့ကောင်းတဲ့အမူအရာလေးတွေကြောင့် တတိုင်းပြည်လုံးရှိ ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးမှုကို လက်ခံပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ "ပဉ္စလက်ရွာ" ဇာတ်လမ်းတွဲမှာ ရေဝတီဆိုတဲ့ မိန်းမပျိုလေးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး သဘာဝကျကျ ဇာတ်ရုပ်ဇာတ်ကွက်ပိုင်နိုင်မှုကြောင့် ယနေ့တိုင် ပရိသတ်တွေက အမှတ်တရအားပေးနေဆဲဖြစ်ပါတယ်။ သူမကတော့ Mrtv-4 ရုပ်သံဇာတ်လမ်းတွဲတွေကို ပရိသတ်ကြီးအတွက် ကြိုးစားပြီး လက်ခံရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်။

ရိုးရိုးယဉ်ယဉ်နဲ့ အမြဲနန်းဆန်ပြီးလှနေတဲ့ နန်းနန်းကတော့ ပွဲလမ်းသဘင်တွေကိုလည်း ဂုဏ်ယူဝင့်ကြွားစွာတက်ရောက်ခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးစိတ်နှလုံးချမ်းမြေ့ရအောင် သူမရဲ့ အလှပုံရိပ်လေးတွေကိုလည်း social media ပေါ်တွင် အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်။ ပျော်ပျော်နေတက်ပြီး ဘာသာတရားကိုင်းရှိုင်းတဲ့ သမီးအလိမ္မာလေးတစ်ယောက်ဖြစ်တဲ့ နန်းနန်းကတော့ အလှူအတန်းရက်ရောသူလည်းဖြစ်ပါတယ်။ Tik Tok ဗီဒီယို လေးတွေကစားပြီး ဖျော်ဖြေတင်ဆက်ပေးခဲ့တာကိုလည်း ပရိသတ်ကြီးအနေနဲ့ ကြည့်ရှုခံစားခဲ့ကြရမှာဖြစ်ပါတယ်။

နန်းစန္ဒာလှထွန်းဟာ ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း ချစ်စရာအမူအရာလေးနဲ့ selfie ဆွဲထားတဲ့ အမှတ်တရပုံရိပ်လေးတွေကို "Selfie ကြိုက်တဲ့ကိုယ့်အတွက်တော့ အချစ်က ကိုယ့်အတွက် အရမ်းကို စိတ် ချမ်းသာ ရတယ် လေဘယ်နေရာသွားသွား ကိုယ့်အတွက် မရှိမဖြစ်လေ" ဆိုတဲ့ status လေးနဲ့တကွ ထုတ်ဖော်တင်ဆက်ပြသထားပြီး Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...။

Source Nan Sandar Hla Htun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။