ထိုင်းကလပ်တွေမှာကစားရင်းနဲ့အာရှထိပ်သီးဂျပန်နိုင်ငံကအသင်းတွေကတောင်သူ့လက်စွမ်းကိုကြိုက်နှစ်သက်တာကြောင့်ကစားနေရတာကတော့ မြန်မာ့လက်ရွေးစင်ဘောလီဘောကစားသမားအောင်သူပဲဖြစ်ပါတယ်။သူကတော့လက်ရှိမှာဂျပန်ကလပ်တိုရေးအသင်းမှာကစားနေတာလည်းဖြစ်ပါတယ်။

အရပ်ရှည်ပြီးအားပြင်းတဲ့ရိုက်ချက်တွေကြောင့်သူ့ရဲ့လက်စွမ်းတွေကပရိသတ်တွေသာမကနည်းပြတွေတောင်ချီးကျူးနေရတာပါ။မကြာသေးခင်ကလည်းအကောင်းဆုံးကစားသမားအဖြစ်သတ်မှတ်ခံရပြီးဂျပန်မီဒီယာတွေရဲ့ချီးကျူးခြင်းကိုခံနေရတာဖြစ်ပါတယ်။ဂျပန်နိုင်ငံမှာမြန်မာဆိုတဲ့ဂုဏ်ကိုတက်အောင်ကြိုးစားနေတာကြောင့်လည်းသူ့ကိုပရိသတ်တွေကချစ်နေရတာပါ။

သူ့ရဲ့စကေးတွေကိုတော့ပရိသတ်တွေတော်တော်များများကမြင်ဘူးလေ့မရှိကြပါဘူး။ခုမှာတော့သူကဘောလုံးနှစ်လုံးကိုလက်ညိုး၂ချောင်းနဲ့မပြုတ်ကျအောင်အကြာကြီးလှည့်ပြလိုက်တာပါ။သူ့စကေးတွေကိုမမြင်ဘူးတဲ့ပရိသတ်တွေအတွက်လည်းသူ့ရဲ့videoလေးကိုတင်ဆက်ပေးလိုက်ကပြီးအားပေးကြပါဦးနော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။