Priyanka Chopra နဲ့ Nick Jonas တို့ဟာ December လကလက်ထပ်ခဲ့ကြတာဖြစ်ပီး ကြီးကျယ်ခမ်းနာတဲ့ မင်္ဂလာဆောင်တစ်ခုဖြစ်ကာ တစ်ကြိမ်ထက်မက များစွားဆောင်ခဲ့ကြပါသေးတယ်။ သူတို့နှစ်ယောက်ဟာ အသက် ၁၀နှစ်စီကွာကြတာမို့ မနဲ့မောင်ချစ်ခြင်းတရားပဲဖြစ်ပါတယ်။ ပရိသတ်တွေလဲ မမတွေကို ကြိုက်တဲ့သူများမယ်လို့ထင်ပါတယ်...။မမတွေက ဆိုးလားကောင်းလာဆိုတာကိုလဲ မောင်လေးတွေအတွက်လဲ ကိစ္စတစ်ခုလိုဖြစ်နေပါပြီ။ 

Priyanka Chopra ဟာလဲ သူမကိုသူမ ပြီးပြည့်စုံတဲ့ ဇနီးတစ်ယောက်လို မသတ်မှတ်ထားပါဘူး။ အင်္ဂါနေ့က အစီအစဉ်တစ်ခုမှာ အသက်၃၆နှစ်အရွယ်ရှိပြီဖြစ်တဲ့ မင်းသမီးဟာ သူမဟာ ဟင်းမချက်တက်တာကို ဝန်ခံပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ သူ့ယောကျ်ားဖြစ်သူ Nick ဟာ သူမဟင်းချက်ဆိုးလဲ ဂရုမစိုက်ပါဘူး...ဘာလိုလဲဆိုတော့ သူကိုယ်တိုင်လဲ ဟင်းမချက်တက်လို့ပါဆိုပြီး ပြောပြခဲ့ပါတယ်။ ယောကျ်ားအများစုက အဲ့အချက်ကို မနှစ်သက်ကြဘူးဆိုတာကိုပါ ထပ်မံပြောခဲ့ပါသေးတယ်။ 

သူတို့နှစ်ယောက် ချစ်သူဖြစ်တာ လပိုင်းလောက်ရှိပေမဲ့ တစ်ယောက်နဲ့တစ်ယောက် သိကြတာ နှစ်တွေနဲ့ချီပြီမို့လက်ထပ်တာ မစောပါဘူး။ Jonas Brothers ရဲ့သီချင်းဖြစ်တဲ့ Sucker ထဲမှာလဲ Jonas ညီအစ်ကိုတွေအပြင် သူတို့ရဲ့မိန်းမနဲ့စေ့စပ်ထားတဲ့သူတွေလဲ ပါဝင်သရုပ်ဆောင်ခဲ့ကာ သီချင်းဇာတ်ဝင်ခန်းတစ်ခုဖြစ်တဲ့ ခုံးတန်ရှည်ကြီးမြှ ဘာတွေပြောနေလဲဆိုတာကိုပါ သူမကပြောပြခဲ့ပါတယ်။ " တကယ်တော့ အာ့က ညစားစာပွဲပါ....ကျွန်မတို့ပြောနေတာက ဘေးကနေ video ကိုရိုက်ကူးနေတဲ့သူတွေ ကျွန်မတို့ကိုကြည့်နေတာနဲပပတ်သတ်ပြီး ပြောနေကြတာပါ " လို့သူမကပြောပြခဲ့ပါတယ်။ 

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။