ချစ်ပရိတ်သတ်ကြီးရေ... အနုပညာလောကမှာနေရာတစ်နေရာကို ပိုင်ပိုင်နိုင်နိုင်ရရှိထားပြီး နာမည်ကြီး သရုပ်ဆောင်မင်းသားကျော်ကျော်ဗို ကိုမသိတဲ့သူရှိမယ်မထင်ပါဘူးနော်။ အတည်ပေါက်ကြီးတွေနဲ့ ဟာသတွေပြောတတ်ပြီးတော့ ပြည်တော်ချစ် နှင်းဆီ အငြိမ့်အဖွဲ့ရဲ့ အဖွဲ့ဝင် တစ်ဦးလည်းဖြစ်ပါတယ်နော်။

ဆေးစက်ကျရာ သရုပ်ဖော်နိုင်တဲ့ နာမည်ကြီးမင်းသားတွေထဲကတစ်လက်ဖြစ်ပြီး မကြာသေးခင်က ရုံတင်ရက်တွေဆက်နေခဲ့တဲ့ မုန်းစွဲဆိုတဲ့ ရုပ်ရှင် ကားကြီးနဲ့ လည်း သူ့ကို ပရိတ်သတ်တွေက အကယ်ဒမီ ခန့်မှန်းချက်တွေပေးနေကြပါတယ်နော်။ လတ်တလောမှာလည်း အနုပညာခြေလှမ်းတွေကို ခပ်စိပ်စိပ်လှမ်းပြီးတော့ ပရိတ်သတ်တွေအတွက်အစွမ်းကုန်ကြိုးစားလျက်ရှိပါတယ်နော်။

ဒီကနေ့ မတ်လ ၂၁ ရက်နေ့မှာဆိုရင်တော့ ကျော်ကျော်ဗိုလ်ရဲ့ ချစ်လှစွာသော နှလုံးသားတစ်ခုလုံးဖြစ်တဲ့ သမီးလေး ပြိုင်သူခဟာ အသက် (၉) နှစ်ပြည့်သွားခဲ့ပါပြီနော်။ lkeလေးဟာဆိုရင် မိဘစကားဆိုရင် အရမ်းနားထောင်ပြီးတော့ လိမ္မာလွန်းတာကြောင့်လည်း ဖေဖေနဲ့ မေမေက ချစ်မဝဘဲ အချစ်တွေပိုနေခဲ့ရတာပါနော်။ ဒါကြောင့် ဖေဖေကတော့ သမီးလေးကို " ကျွန်တော် ဘဝရဲ့အစစအရာရာကို တဦးတည်းသော စီမံခန့်ခွဲပိုင်ခွင့်ရှိသူ ကျွန်တော့် ချစ်သမီးလေး ပြိုင်သူခ @ Ike (၉) နှစ်ပြည့်မွေးနေ့မင်္ဂလာမှသည် ယဉ်ကျေးလိမ္မာ၍ တတ်သိထူးချွန် ထက်မြက်ကျန်းမာ သော သမီးလေးဖြစ်ပါစေကြောင်း.."ဆိုပြီး မိဘမေတ္တာတွေအပြည့်နဲ့ မွေးနေ့ ဆုမွန်ကောင်းတောင်းပေးထားခဲ့ပါသတဲ့ ချစ်ပရိတ်သတ်ကြီးရေ....

Source : Kyaw Kyaw Bo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။