ပရိတ်သတ်ကြီးရေ အရင်ကတည်းက အနုပညာအလုပ်တွေကိုလုပ်ကိုင်ခဲ့တဲ့ နွယ်ဒါလီထွန်းကတော့ ယခုချိန်ထိလည်း အနုပညာအလုပ်တွေကိုလုပ်ဆောင်ကာ မတ်မတ်နွယ်လို့ ပရိတ်သတ်တွေကြားမှာ ရေပန်းစားနေတာပဲဖြစ်ပါတယ်။အခုနောက်ပိုင်းမှာလည်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးဖို့ပြင်ဆင်နေပြီဖြစ်ပါတယ်။မတ်မတ်နွယ်က အများအကျိုးကိုလည်း စိတ်ရောကိုယ်ပါ ကူညီဆောင်ရွက်တတ်သူတစ်ယောက်ဖြစ်ပါတယ်။

အခုဆိုရင်တော့ နွယ်ဒါလီထွန်းက"အတ္တဟိတထက် ပရဟိတကပိုအရေးကြီးပါတယ်ဆိုတဲ့စကားလေးငယ်ငယ်ကရုပ်ရှင်ထဲမှာကြားဖူးပီးနားရည်ဝခဲ့ဖူးတယ် ဒီနေ့လပြည့်နေ့လေးမှာညနေဘက် photoshoot လုပ်ဖို့ ၁ပတ်လောက်ကြိုချိန်းထားပီးသားဓါတ်ပုံဆရာမောင်လေးတယောက်နဲ့ အဲ့ရှေ့မှာလဲတခြားကိစ္စတခုချိန်းထားတာရှိတယ်သွားဖို့ပြင်ပီးအိမ်ကထွက်ခါနီးမှ ရုတ်တရက် ကိုဖိုးဇော်က ဖုန်းဆက်လာပီး ညီမလေးရေ အကိုကလေးတယောက်ကယ်ထားတာရှိတယ်"

"အဲ့ဒါလှိုင်သာယာဘက်မှာသွားခေါ်ပီးရင်ကလေးဆေးရုံပို့ပေးဖို့ရှိတယ် ကလေးလိုက်ချီပေးပါလားဆိုလို့ ချိန်းထားတာတွေဖုန်းဆက်ပီးဖျက်လိုက်တယ် သူနဲ့ပထမဆုံးလိုက်သွားပီးသူလုပ်နေကျနေ့တဓူဝလုပ်နေတဲ့မွန်မြတ်တဲ့အလုပ်ကိုကြုံဖူးသွားတယ် သူ့ရဲ့ပရဟိတစိတ်ဓာတ်နဲ့ရပ်တည်မှုတွေကိုလဲတော်တော်လေးချီးကျူးမိပါတယ် နောင်လဲအချိန်မရ ရအောင်ကြိုးစားပီးလိုက်ခဲ့ပါအုံးမယ် ကလေးများအဖေ ကို Phoe Zaw ရေ ဒီနေ့အတွက်လဲကျေးဇူးအများကြီးတင်ပါတယ်နော်"ဆိုပြီး စိတ်ဝေဒနာရှင်တစ်ဦးရဲ့ ကလေးငယ်လေးကို ရင်ခွင်ပိုက်ကာ ကူညီခေါ်ဆောင်လာပေးတဲ့ ပုံရိပ်လေးတွေကို မျှဝေလိုက်ပါတယ်နော်။ 

Source:Nwe Darli Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။