သရုပ်ဆောင် မင်းသမီးချောလေး ယွန်းဝတီလွင်မိုးကတော့ နိုင်ငံကျော် ရုပ်ရှင်မင်းသားကြီး လွင်မိုးရဲ့ သမီးချောလေး တစ်ယောက်ဖြစ်ပါတယ်။ ကြော်ငြာလေးတွေ ရိုက်ကူးပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့တဲ့ ယွန်းက အခုချိန်မှာတော့ အိမ်ထောင်ကျပြီး သားလေးတစ်ယောက် ပိုင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ယွန်းက ခင်ပွန်းနဲ့အတူ သြစတေးလျနိုင်ငံမှာ ကျောင်းပြန်တက်ဖို့ သွားရောက်နေထိုင်နေရတာ ဖြစ်ပါတယ်။

သားလေးကို ဘိုးဘိုး၊ဘွားဘွားတွေနဲ့ ထားခဲ့ရပြီး နိုင်ငံခြားမှာ ကျောင်းပြန်တက်နေတဲ့ ယွန်းက သားလေးရဲ့ အနာဂတ်အတွက် ပညာရေးကို အာရုံစိုက် ကြိုးစားနေတာ ဖြစ်ပါတယ်။ ချစ်ရတဲ့ သားလေးရှိတဲ့ မြန်မာပြည်ကို လွမ်းဆွတ်နေတဲ့ ယွန်းက အဝေးကနေပဲ သားလေးကို မေတ္တာနဲ့ ဂရုစိုက်နေရတာ ဖြစ်ပါတယ်။ အခုလည်း ယွန်းတို့ဇနီးမောင်နှံက အားလပ်ချိန်လေးမှာ ဟယ်လီကော်ပတာစီးပြီး သြစတေးလျနိုင်ငံရဲ့အလှကို ရှုစားခဲ့ကြပါတယ်။ 

ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ သြစတေးလျနိုင်ငံရဲ့ ဝေဟင်ထက် မြင်ကွင်းအလှတွေကို ယွန်းတို့ဇနီးမောင်နှံက ဟယ်လီကော်ပတာစီးပြီး တစ်ဝကြီး ရှုစားခဲ့ကြတာ ဖြစ်ပါတယ်။ ဝေဟင်ထက်မှာ ရင်ခုန်စိတ်လှုပ်ရှားမှုအပြည့်နဲ့ ရှုစားခဲ့ရတဲ့ မြင်ကွင်းတွေကိုလည်း ယွန်းက ဗီဒီယိုလေးရိုက်ကူးပြီး တင်ပေးထားတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဟယ်လီကော်ပတီနဲ့ သြစတေးလျနိုင်ငံရဲ့အလှတွေကို ရှုစားခဲ့တဲ့ ယွန်းတို့ဇနီးမောင်နှံရဲ့ ဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:yunwaddy; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။