ရှိုးပွဲပေါင်းများစွာလက်ခံ ဖျော်ဖြေရပြီး ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကိုလက်ခံပိုင်ဆိုင်ထားတဲ့ အဆိုတော်သရုပ်ဆောင် ဝိုင်းစုခိုင်သိန်းကိုသိကြမယ်ထင်ပါတယ်နော်...။ အဆိုတော်အောင်လနဲ့ အတူ သာယာအေးချမ်းတဲ့ နှစ်ကိုယ်တူဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်...။ ဝေဖန်တိုက်ခိုက်တဲ့သူတွေရှိပေမယ့်လည်း မေတ္တာနဲ့သာ တုံ့ပြန့်ပြီး အနုပညာလမ်းကြောင်းကိုအောင်မြင်စွာလျှောက်လှမ်းနေတာကိုတွေ့ရမှာပါ....။ ဝိုင်းစုရဲ့ချစ်ဖို့ကောင်းတဲ့ အပြုအမူလေးတွေကြောင့် ယောက်ျားလေးပရိသတ်တွေသာမကပဲ မိန်းကလေးပရိသတ်တွေကပါ ချစ်ခင်အားပေးဝန်းရံလျက်ရှိတာဖြစ်ပါတယ်...။

ဝိုင်းစုခိုင်သိန်းရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting တွေရိုက်ကူးလေ့ရှိပြီး၊ နယ်လှည့်ဖျော်ဖြေမှုတွေလည်း လိုက်လံဖျော်ဖြေပေးနေတာကိုတွေ့ရမှာပါ...။ ပရိသတ်ကြီးအတွက် သီချင်းအသစ်တွေကိုလည်းပြုလုပ်ဖန်တီးပေးလျက်ရှိပြီး အမြဲတင်ဆက်ပေးလေ့ရှိတာဖြစ်ပါတယ်...။အပန်းဖြေခရီးတွေထွက်လေ့ရှိပြီး အမှတ်တရခရီးသွားပုံရိပ်လေးတွေကိုလည်း မကြာခဏဆိုသလိုမြင်တွေ့ကြရမှာပါ...။ ရေကူးကန်ထက်က အမိုက်စားပုံရိပ်လေးတွေဟာဆိုရင်လည်း တစ်ကယ့်ကိုဆွဲဆောင်မှုရှိလှပတာဖြစ်ပါတယ်...။

ဝိုင်းစုက ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း ငွေဆောင်ကမ်းခြေသို့ အပန်းဖြေခရီးသွားတုန်းက အလန်းစားဝတ်စုံလေးနဲ့ ရိုက်ကူးခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေကို သူမရဲ့ official facebook page တွင်ပြန်လည်တင်ဆက် မျှဝေပေးထားတာကို ရှုမြင်ခံစားခဲ့ကြရမှာပါ...။ Myanmarload ပရိသတ်ကြီးလည်း ကြည့်ရှုခံစားရင်း ဆက်လက်အားပေးသွားကြပါဦးနော်....။

Source Wyne Su Khaing Thein 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။