မကြာသေးမီက ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ One Championship ပြိုင်ပွဲမှာ စတင်ထိုးသတ်ခဲ့တဲ့ ချင်းတိုင်းရင်းသား ထီရယ်ထန်ကိုတော့ အားလုံးသိပြီးဖြစ်မယ်ထင်ပါတယ်။ နပမ်းနဲ့ ဂျုဂျစ်ဆုမှာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး One Championshipပြိုင်ပွဲရဲ့ ပထမဆုံးပွဲမှာလည်း အနိုင်ရလဒ်တစ်ခုကို ပိုင်ဆိုင်ခဲ့တာလည်း တွေ့ရပါတယ်။ ထီရယ်ထန်ကတော့ အောင်လအန်ဆန်းရဲ့ ညီတပည့်တစ်ဦးဖြစ်တဲ့အပြင် သဘောကောင်းပြီး လက်ဝှေ့ပွဲတွေမှာလည်း ထူးချွန်ထက်မြတ်သူတစ်ယောက်လည်းဖြစ်တာတွေ့ရပါတယ်။  

မကြာသေးမီက ယှဉ်ပြိုင်ခဲ့တဲ့ One Championship ပြိုင်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ထီရယ်ထန်အတွက် မြန်မာနိုင်ငံမှာ လက်ဝှေ့ဝါသနာရှင်များစွာကတော့ ချီးကြူးဂုဏ်ပြုမှုတွေပြုလုပ်ခဲ့ကြတာတွေ့ရပါတယ်။ အဆိုပါ ချီးကြူးဂုဏ်ပြုသူတွေထဲမှာ ချင်းလန်းဘောလုံးအသင်းလည်း ပါဝင်ခဲ့တာတွေ့ရပါတယ်။ ထီရယ်ထန်အတွက် ချင်းလန်းအက်ဖ်စီအသင်းပိုင်ရှင်က ယနေ့( မတ်လ ၂၀ရက်) တွင် ဂုဏ်ပြုပွဲပြုလုပ်ပေးခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ဂုဏ်ပြုပွဲတွင် ထီရယ်ထန်အား ဂုဏ်ပြုလက်မှတ်၊ အသင်းဂျာစီနှင့် အမှတ်တရလက်ဆောင်များကို ပေးအပ်ခဲ့ပြီး ထီရယ်ထန်ကလည်း အသင်းသားများနှင့်အတူ ဘောလုံးကန်သရုပ်ပြခြင်းများကိုပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ 

ကမ္ဘောဒီးယားဖိုက်တာ ရင်ဆာရော့ ကို အမှတ်ဖြင့်အနိုင်ရရှိခဲ့တဲ့ ထီရယ်ထန်ကတော့ ပြိုင်ပွဲအပြီး ချင်းပြည်နယ်သို့လည်း တစ်ပတ်ကျော်သွားရောက်ခဲ့ပြီး ချင်းပြည်နယ်၊ ဟားခါးမြို့တွင်လည်း အစိုးရတာဝန်ရှိသူများက ဂုဏ်ပြုပွဲ ပြုလုပ်ပေးခဲ့ကြောင်းသိရပါတယ်။ ထီရယ်ထန်ကတော့ ဒီကနေ့ မတ်လ ၂၁ရက် ညပိုင်းမှာ အမေရိကားသို့ ပြန်ပြီးလေ့ကျင့်မှုများကို ပြန်လည်ပြုလုပ်သွားတော့မည် ဖြစ်ကြောင်း သိရပါတယ်။ မတ်လ ၂၀ ရက်နေ့ မနေ့က ချင်းလန်းဘောလုံးအသင်းရဲ့ ဂုဏ်ပြုခြင်းခံခဲ့ရတဲ့ ထီရယ်ထန်ရဲ့ ပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Photos - Pyi Myanmar 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။