အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ်ကတော့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို ယနေ့တိုင် သိမ်းပိုက်ရရှိထားဆဲဖြစ်တဲ့ ဝါရင့်အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ သူမရဲ့သီချင်းကောင်းလေးတွေကလည်း ပရိသတ်ရင်ထဲကို စွဲမြဲဝင်ရောက်ခဲ့သလို သူမပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားကောင်းလေးတွေကလည်း ယနေ့ထိတိုင်အောင် နာမည်ရအောင်မြင်နေတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ထွန်းအိန္ဒြာဗိုလ်က ဆန်ဖရန်စစ္စကိုမှာ တစ်လတိတိ ရုပ်ရှင်သွားရောက်ရိုက်ကူးခဲ့ပါတယ်။

ချစ်စရာကောင်းတဲ့ သားချောလေးနဲ့ အရာရာနားလည်မှုပေးနိုင်တဲ့ ခင်ပွန်းသည်ကို ပိုင်ဆိုင်ထားတဲ့ ထွန်းအိန္ဒြာဗိုလ်က အေးချမ်းတဲ့မိသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒီနေ့မတ်လ ၂၁ ရက်နေ့လေးကတော့ ထွန်းအိန္ဒြာဗိုလ်ရဲ့ ခင်ပွန်းသည် ဦးအောင်မင်းထွန်းရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ ဒါကြောင့် ထွန်းအိန္ဒြာဗိုလ်က ခင်ပွန်းသည်အတွက် ထူးခြားတဲ့စကားလုံးလေးတွေနဲ့ မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။

ထွန်းအိန္ဒြာဗိုလ်က '' Happy birthday တရားထူး ရရှိနိုင်ပါစေ .. '' ဆိုပြီး ချစ်ခင်ပွန်းသည်အတွက် အမှတ်တရပုံလေးတွေနဲ့ မွေးနေ့ဆုတောင်းပေးထားတာ ဖြစ်ပါတယ်။ သူမနဲ့အတူ ခက်ခဲကြမ်းတမ်းတဲ့ ဘဝခရီးလမ်းကို အေးအတူ ပူအမျှ ဖြတ်သန်းပေးခဲ့တဲ့ ခင်ပွန်းသည်အတွက် ထွန်းအိန္ဒြာဗိုလ်ရဲ့မွေးနေ့ဆုတောင်းစကားလေးတွေက လေးနက်ပြီး တန်ဖိုးရှိလှပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ထွန်းအိန္ဒြာဗိုလ်တို့ဇနီးမောင်နှံရဲ့ ကြည်နူးစရာကောင်းတဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Mi Mi Khine;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။