MyanmarIdolပြိုင်ပွဲကနေ လူသိများလာပြီး ပရိတ်သတ်အချစ်တော်တစ်ယောက်လဲဖြစ် အစီအစဉ်တင်ဆက်သူလဲဖြစ်တဲ့ ကျော်ထက်အောင်ကတော့ ပရိတ်သတ်တွေကို ရင်ခုန်စိတ်လှုပ်ရှားအောင်တင်ဆက်နိုင်တာကြောင့် ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိနေသူလေးပဲဖြစ်ပါတယ်။ ကျော်ထက်အောင်ကတော့ယခုမှာ အနုပညာလှုပ်ရှားမှုတွေကိုတောက်လျောက်လုပ်ကိုင်နေတာဖြစ်ပါတယ်။ 

ကျော်ထက်အောင်ကတော့ တည်ကြည်ခန့်ညား ယောကျာ်းပီသတဲ့ အရည်းအချင်းတွေပိုင်ဆိုင်ထားပြီး စကားပြောရာမှာလည်း အသံသြဇာကောင်းကောင်းနဲ့ တင်ဆက်တက်သူ ဖြစ်ပါတယ်။ မိန်းကလေးအများစုရဲ့ အချစ်တော်ကြီးဖြစ်နေရသူဖြစ်ပါတယ်။သူ့ကိုတော့ သဘောကျအားပေးတဲ့ သူတွေအများကြီးဖြစ်ပြီး မိန်းကလေးပရိတ်သတ် အများစုအားပေးခံရသူပဲဖြစ်ပါတယ်။ 

ယနေ့မှာတော့ ကျော်ထက်အောင်တစ်ယောက်ခေတိဟောင်း သြင်္ကန်အချိန်ခါလေးကို ပြန်လည်ရိုက်ကူးထားတဲ့ သီချင်းသစ်လေးကို လူမှုကန်ယက်ပေးခဲ့ပါတယ်။နီနီခင်ဇော်နဲ့အတူ ရိုက်ကူးထားတဲ့ တန်ခူးလေပြေဆိုတဲ့သီချင်းသစ်လေးကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။ ကျော်ထက်အောင်ကတော့ " ဤသီချင်းလေးဖြစ်တည်လာဖို့အတွက် သန္ဓေတည်စေခဲ့သော အနုသုခုမပညာရှင်ကြီးများ ၊ အနုပညာရှင် ၊ အတတ်ပညာရှင်များအားလုံးကို ဒီသီချင်းလေးနဲ့ ဂါရဝပြုအပ်ပါတယ်။အနှစ်နှစ်ဆယ်ကျော်နီးပါးတစ်နှစ်တစ်ခါတစ်မြတ်တနိုးကြည့်ခဲ့ရတဲ့ အနုပညာလွမ်းမိုးမှုတွေကြောင့် အတက်နိုင်ဆုံးကြိုးစားထားတဲ့ တန်ခူးလေပြေပါ " ဆိုပြီး ရေးသားထားပါတယ်။

SOURCE: ကျော်ထက်အောင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။