ကမ္ဘာဘောလုံးပရိသတ်တွေစိတ်အဝင်စားဆုံးဖြစ်တဲ့ချန်ပီယံလိဒ်ပြိုင်ပွဲကြီးကတော့ကွာတားဖိုင်နယ်အဆင့်ကိုရောက်ရှိလို့လာပြီပဲဖြစ်ပါတယ်။ဥရောပရဲ့ထိပ်သီးအသင်းတွေရဲ့ပြိုင်ဆိုင်မှုဖြစ်တာကြောင့်ပွဲတိုင်းကအကြိတ်အနယ်ရှိတာဖြစ်ပါတယ်။ဒီနှစ်ကွာတားဖိုင်နယ်မှာတော့အင်္ဂလန်မှလေးသင်းတောင်ကွာတားဖိုင်နယ်ကိုတက်လာတာဖြစ်ပါတယ်။

ဒီနှစ်ကွာတားဖိုင်နယ်မှာတော့ပရိသတ်တွေစိတ်အဝင်စားဆုံးပွဲစဉ်တွေပါဝင်နေတာဖြစ်ပါတယ်။အင်္ဂလန်ထိပ်သီးမန်ယူအသင်းနဲ့စပိန်ထိပ်သီးဘာစီလိုနာတို့တွေ့ဆုံနေပြီးပရိသတ်တွေစိတ်ဝင်စားမှုအမြင့်ဆုံးဖြစ်နေတာဖြစ်ပါတယ်။မန်ယူအသင်းကလည်းယာယီနည်းပြဆိုးရှားရဲ့လက်ထက်မှခြေစွမ်းကောင်းတွေပိုင်ဆိုင်နေတာကြောင့်ဒီကွာတားဖိုင်နယ်ကတော့ပရိသတ်တွေစိတ်ဝင်စားဆုံးဖြစ်နေတာပါ။

မန်ယူအသင်းနဲ့ဘာစီလိုနာအသင်းတို့ကတော့၂၀၁၁ချန်ပီယံလိဒ်ဗိုလ်လုပွဲတုန်းကတွေ့ဆုံခဲ့ပြီးဘာစီလိုနာအသင်းက(၁-၃)ဆိုတဲ့ရလဒ်နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။အဆိုပါဗိုလ်လုပွဲတုန်းကလည်းမန်ယူအသင်းကိုဒုက္ခပေးနိုင်ဆုံးကဘာစီအသင်းရဲ့အဓိကတိုက်စစ်မှူးမက်ဆီပဲဖြစ်ပါတယ်။ဒီပွဲစဉ်မှာရောမက်ဆီမန်ယူအသင်းကိုဘယ်လိုဒုက္ခပေးမလဲဆိုတာစောင့်ကြည့်ရင်းနဲ့၂၀၁၁တွေ့ဆုံမှုvideoကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:GOOGLE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။