မိန်းကလေးတွေနဲ့အချစ်တွေကိုအပြည့်သိမ်းပိုက်ထားနိုင်တဲ့ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကတော့စိုင်းစိုင်းခမ်းလှိုင်ပဲဖြစ်ပါတယ်။ဂီတလောကမှာလည်းအောင်မြင်တဲ့အဆိုရှင်တစ်ယောက်ဖြစ်သလိုသရုပ်ဆောင်ပိုင်းမှာလည်းပီပြင်တဲ့သရုပ်ဆောင်မှုတွေကြောင့်ပရိသတ်အချစ်တွေအပြည့်နဲ့အောင်မြင်နေသူတစ်ယောက်ဖြစ်ပါတယ်။အသက်တွေတစ်နှစ်ပြီးတစ်နှစ်ကြီးလာပေမယ့်ယနေ့ထိတိုင်နုပျိုပြီးခန့်ညားနေတာကတော့မိန်းကလေးတွေကြွေစေတဲ့အချက်ပဲဖြစ်ပါတယ်။ 

တစ်ကိုယ်တည်း လူပျိုကြီးစိုင်းစိုင်းတစ်ယောက်ကတော့ အနုပညာလှုပ်ရှားမှုတွေလုပ်လိုက် ခရီးတွေထွက်လိုက်နဲ့ပဲ အချိန်တွေကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ ပရိတ်သတ်တွေနဲ့ သူ့ရဲ့သူငယ်ချင်းများကတော့ စိုင်းစိုင်းရဲ့မင်္ဂလာသတင်းဘယ်တော့ ကြားရမလဲဆိုတာကို စောင့်မျှော်နေကြတာပဲဖြစ်ပါတယ်။ မကြာခင်မှာလည်း သူ့ရဲ့ ၁၅ ကြိမ်မြောက်မွေးနေ့ပွဲကြီး နီးကပ်လာပြီဖြစ်တဲ့အတွက် ပရိသတ်များကကြိုပြီး ရင်ခုန်နေကြတာပဲဖြစ်ပါတယ်။ ဒီနှစ်ပွဲလေးကတော့ သူ့ဘဝတစ်လျှောက်လုံးမှာ အထူးခြားဆုံးပွဲလေးဖြစ်တယ်လို့လည်း ပြောထားပါသေးတယ်။

စိုင်းစိုင်းရဲ့မွေးနေ့ပွဲဆိုတာနဲ့ သူ့ရဲ့သူငယ်ချင်းတွေဟာလည်း မပါမဖြစ်ပါ။ ဒီတစ်ခေါက်မှာလည်း စိုင်းစိုင်းရဲ့အားအကျရဆုံးလူတစ်ယောက်ဖြစ်တဲ့ အဆိုတော်မျိုးကျော့မြိုင်က မွေးနေ့အကြိုဆုတောင်းဗီဒီယိုတစ်ခုကို လူမှုကွန်ယက်မှာဝေမျှလိုက်တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် ဒီဗီဒီယိုလေးကိုတင်ဆက်ပေးလိုက်ရပြီး အားပေးကြပါဦးနော်။

Source - Myo Kyawt Myaing 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။