ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပပြီး ဆွဲဆောင်မှုရှိရှိ ပုရိသအပေါင်းကိုဆွဲဆောင်ညှို့ယူဖမ်းစားခဲ့တဲ့ မော်ဒယ်လ်သရုပ်ဆောင်ရွှေပိုးအိမ်ကိုသိကြမယ်ထင်ပါတယ်နော်။ မော်ဒယ်လ်လောကကနေ အနုပညာနယ်ပယ်ထဲကို ဝင်ရောက်ခဲ့တာဖြစ်ပြီးပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကို လက်ခံရရှိထားတာဖြစ်ပါတယ်။ ဒီဇိုင်းဆန်းလေးတွေ အမြဲဝတ်ဆင်လေ့ရှိပြီး ကြည့်မိသူပရိသတ်တွေရဲ့ ရင်ထဲအသည်းထဲကို ဆန်းသစ်အေးမျှစေမှာဖြစ်ပါတယ်။ အပြုံးချိုလေးတွေကြောင့်လည်း အမျိုးသားပရိသတ်တွေကသာမက အမျိုးသမီးပရိသတ်တွေကပါ ချစ်ခင်အားပေးဝန်းရံလျက်ရှိတာဖြစ်ပါတယ်။

သူမရဲ့လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ သရုပ်ဆောင်၊ ဒါရိုက်တာ ကျော်သူရိုက်ကူးပုံဖော်နေတဲ့ "ဂမ္ဘီရမျက်လုံး"ရုပ်ရှင်ဇာတ်ကားထဲမှာ မင်းသား အလင်းရောင်နဲ့အတူ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်..။ photo shooting ရိုက်ကွင်းပေါ်က သူမရဲ့ အလှပုံရိပ်လေးတွေကိုလည်း မကြာခဏဆိုသလိုမြင်တွေ့ရမှာဖြစ်ပါတယ်။ ခရီးသွားဝါသနာပါသူဖြစ်ပြီး ဘာသာတရားကိုင်းရှိုင်းသူလည်းဖြစ်ပါတယ်။ ခေတ်ဆန်ဆန် အတိုအပြတ်တွေဝတ်စားဆင်ယင်တက်ပင်မဲ့လည်း ဘုရားသွားကျောင်းတက်တဲ့အခါမှာတော့ မြန်မာဝတ်စုံလေးတွေနဲ့ ရိုးရိုးယဉ်ယဉ် လှပနေသူလေးဖြစ်ပါတယ်။

ရွှေပိုးအိမ်ဟာပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင်လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာကို မြင်တွေ့ရမှာပါ...။ အခုတစ်ခါမှာဆိုရင်လည်း social media လောကမှာ အောင်မြင်ကျော်ကြားလူကြိုက်များနေတဲ့ ထက်ယံရဲ့ "နွေးသွားတယ်" ဆိုတဲ့ သီချင်းလေးနဲ့အတူ တေးသရုပ်ဖော်ဖျော်ဖြေတင်ဆက်ထားတဲ့ tik tok ဗီဒီယိုဖိုင်လေးတွေကို ထုတ်ဖော်တင်ဆက်ပြသထားတာဖြစ်ပါတယ်..။ Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်....။

Source Shwe Poe Eain 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။