လက်တလောပရိသတ်တွေကြားမှာရေပန်းစားနေတဲ့ ပရဟိတအလှူရှင်တွေကတော့ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ ကုသိုလ်ရှင်တွေထဲမှာ သာမာန်မရှိဆင်းရဲသားများလှူဒါန်းသူများ၊ မဖွံ့ဖြိုးသေးတဲ့ ဒေသတွေမှာ သွားရောက်လှူဒါန်းသူများနဲ့ လမ်းမပေါ်က ဘဝတွေကို ကူညီသူတွေကတော့ ပိုမိုများပြားလျှက်ရှိတာတွေ့ရပါတယ်။ မကြာသေးမီကလည်း လမ်းမပေါ်အမှိုက်ကောက်တဲ့ အမေအိုတစ်ဦးရဲ့ အပြုံးတွေကို ဖန်တီးပေးခဲ့တဲ့ ပရဟိတအလှူရှင်တစ်ဦးရဲ့ ပုံရိပ်တွေကတော့ ပရိသတ်တွေကြားမှာရေပန်းစားခဲ့တာတွေ့ရပါတယ်။  

အဆိုပါ ကုသိုလ်ရှင်ကတော့ မေစီအမည်ရှိသူအမျိုးသမီးတစ်ဦးဖြစ်ပြီး သူမရဲ့ ပရဟိတအလုပ်တွေကတော့ ပရိသတ်များစွာကို အံ့အားသင့်စေခဲ့တာတွေ့ရပါတယ်။ သူမပြုလုပ်ခဲ့တဲ့ အလှူတွေများစွာထဲက လမ်းမပေါ်အမှိုက်ကောက်တဲ့ အမေအိုတစ်ဦးရဲ့ အလှူကတော့ပရိသတ်တွေကြားရေပန်းစားခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါ အလှူနဲ့ပတ်သက်ပြီး "အမေအိုတယောက် မေစီ့ကိုတွေ့ချင်လို့ လာရှာနေတယ်တဲ့မေစီသွားတွေ့တော့ဗူးပလုံကောက်ရောင်းစားနေတဲ့အမေအိုဖြစ်နေပါတယ်။ သားသမီးထောက်ပံ့မှူ့မရှိပဲတယောက်ထဲရုန်းကန်ရှာဖွေစားနေတဲ့မုဆိုးမအမေအိုပါ လေလည်းဖြတ်ထားတယ်တနေကုန်ဗူးပလုံရောင်းတာ၃၅၀-၄၅၀ကျပ်ပဲရတယ်တဲ့ ည ၈နာရီ၉နာရီမှထမင်းချက်စားရတယ်လို့ပြောပြပါတယ်။ အမေ့ကိုမေစီပစ်အထားပါဘူးအလှူပေးဖို့လာတာပါဆိုတော့ဝမ်းသာအားရမေစီ့ကိုဖက်လိုက်တာနံစော်နေတာပါပဲအမေ့တကိုယ်လုံးနံစော်နေတာပဲလို့ပြောလိုက်တော့..နံ မှာပေါ့..ရေမှမချိူးရတာ..တဲ့။ ရေခပ်ထည့်တဲ့ စဉ့်အိုးကို၂သောင်းနဲ့ပေါင်ထားရလို့တဲ့..လေ Rita Aung NYပေးပို့ထားတဲ့အလှူငွေ ၁သိန်း၊ စောင်၊ခြင်ထောင်၊ ဆန် ၁အိတ်ပုဂံခွက်တိုလီမိုလီလှူပေးခဲ့ကြောင်းကို " ရေးသားထားတာတွေ့ရပါတယ်။  

လေးစားဖို့ကောင်းတဲ့အပြင် မွန်မြတ်တဲ့အလှူတစ်ခုဖြစ်တာကြောင့် ကြည့်ရှု့သူပရိသတ်တွေ ကြည်နူးစေခဲ့ရတာတွေ့ရပါတယ်။ ဒါအပြင် အလှူရှင်အမျိုးသမီးကတော့ အမှိုက်ကောက်အမေအိုနဲ့အတူ အမှိုက်ထုတ်သယ်ကာ အိမ်အရောက်ကူညီပေးခဲ့ပြီး သူမနဲ့အတူ အမှတ်တရဓာတ်ပုံတွေရိုက်ကူးခဲ့ပါတယ်။ ပရိသတ်တွေကြားရေပန်းစားနေတဲ့ အဆိုပါ အမှိုက်ကောက် အမေအိုနဲ့ အလှူရှင်အမျိုးသမီးရဲ့ ပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

pHOTOS - SI SI ROZAR

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။