မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး သီချင်းဆိုပြိုင်ပွဲကြီးကနေ Banana လို့ ပရိသတ်တွေစတင်သိရှိခဲ့တဲ့ အဆိုဝါသနာကို ရူးသွပ်တဲ့ သူတစ်ယောက်ဖြစ်တဲ့ ခြိမ့်ကေကို က သူရဲ့မလျော့သော ဇွဲကြောင့် လက်ရှိမှာ ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ သူတစ်ဦးဖြစ်ပါတယ်။ အဆိုပညာကို အရမ်းကို ရူးသွပ်တဲ့ လူငယ်တစ်ယောက်အဖြစ် ယခင်ကထက် ပိုပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိအောင် ကြိုးစားနေတဲ့ သူတစ်ဦးလည်းဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ အဆိုပညာအပြင် ထူးခြားတဲ့ သရုပ်ဆောင် စွမ်းရည်က အနုပညာရှင်တစ်ဦးဖြစ်အောင် လမ်းခင်းပေးလျက်ရှိနေတာကိုလည်း မြင်တွေ့ရမှာပါ။ ပရိသတ်တွေရဲ့ ဝေဖန်မှုများစွာကို ခံခဲ့ရပေမယ့် အပြုံးနဲ့ ရင်ဆိုင်ရင်း ပရိသတ်တွေအတွက် ပညာပေးဇာတ်လမ်းတွေ ဟာသ ဇာတ်လမ်းတိုလေးတွေကို ရိုက်ကူးလျက်ရှိတာကိုလည်း မြင်တွေ့ရမှာပါ။ လက်တလောမှာဆိုရင် ကိုယ်ပိုင်ဖန်တီးထားတဲ့ သီချင်းတွေနဲ့ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေတဲ့ ခြိမ့်ကေကို ကို တွေ့မြင်ရမှာဖြစ်ပါတယ်။

နယ်ပွဲတွေမှာ ဒိန်းဒေါင်နဲ့ အတူသွားရောက်ဖျော်ဖြေပေးလျက်ရှိတဲ့ ခြိမ့်ကေကိုက နယ်ပရိသတ်တွေရဲ့အားပေးမှုကို အခိုင်အမာရရှိလာတဲ့ အပြင် စိတ်ဓာတ်ခိုင်မာစွာနဲ့ ဆက်လက်ကြိုးစားနေတာကိုလည်း မြင်တွေ့ရမှာပါ။ ယခုလည်းနယ်မြို့လေးတစ်မြို့မှာ ဝေလရဲ့ နာမည်ကြီးတဲ့ မိတ်ကပ်မကြိုက်သောသီချင်းများ ဆိုတဲ့ သီချင်းကို ခံစားချက်အပြည့်နဲ့ စင်မြင့်ထက်မှာ လှပျိုဖြူလေးတွေဝန်းရံပြီး သီဆိုဖျော်ဖြေခဲ့တဲ့ ဗီဒီယိုဖိုင်လေးကို မြင်တွေ့ရမှာဖြစ်ပါတယ်။

Source:Chaink K Ko

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။