ပရိသတ်ကြီးရေ.. ယနေ့မတ်လ(၂၁)ရက်နေ့လေးကတော့ သရုပ်ဆောင်မင်းသမီးချစ်ချစ်ဇော်ရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်နော်..။

အနုပညာလောကမှာထဲမှာ တစ်ခေတ်တစ်ခါက ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အချိန်တစ်ခုအထိအခိုင်အမာရရှိထားတဲ့ ချစ်ချစ်ဇော်ကတော့ အနုပညာအလုပ်တွေကို ရပ်နားလိုက်တဲ့ ယခုအချိန်ထိမှာလည်းပရိသတ်တွေကလည်း ဆက်လက်အားပေးချစ်ခင်နေကြတာ တွေ့ရပါတယ်နော်..။

ချစ်ချစ်ဇော်ကတော့ ဒီကနေ့မှာ ကျရောက်ခဲ့တဲ့ သူမရဲ့မွေးနေ့ရက် မနက်ပိုင်းမှာလည်း မွေးနေ့အလှူကုသိုလ်လေးတွေပြုလုပ်ရင်း မွေးနေ့လေးကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းနေတာလည်း တွေ့ရပါတယ်နော်..။

မွေးနေ့အလှူလေးအဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်) မှာ ဝန်ထမ်းများ ၊ အသင်းသူ/သားများ၊ လူနာများ ၊ ကျောင်းသား/ကျောင်းသူများကို ရွှေတောင်ခေါက်ဆွဲ ကျွေးမွေးလှူဒါန်းခဲ့ပြီး မွေးနေ့အလှူလေး ပြုလုပ်ကုသိုလ်ယူခဲ့တာပဲ ဖြစ်ပါတယ်နော်..။

မွေးနေ့အလှူကုသိုလ်ယူနေကြတဲ့ ချစ်ချစ်ဇော်နဲ့ လင်းဇာနည်ဇော်တို့ ညီအစ်မနှစ်ယောက်ရဲ့ အလှူပုံရိပ်လေးတွေကိုလည်း နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ချစ်ပရိသတ်တွေကို ဖော်ပြထားတာပဲ ဖြစ်ပါတယ်နော်..။

ချစ်ရတဲ့ပရိသတ်ကြီးတွေကလည်း ဒီကနေ့မှာ ကျရောက်လာခဲ့တဲ့ သရုပ်ဆောင် မင်းသမီးချောချစ်ချစ်ဇော်ရဲ့ မွေးနေ့ရက်လေးအတွက် ဆုတောင်းစကားလေးတွေလည်း ပြောပေးသွားပါဦးနော်..။

Photo - ချစ်ချစ်ဇော်၊ နာရေးကူညီမှုအသင်း(ရန်ကုန်)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။