ချစ်ပရိတ်သတ်ကြီးရေ... သဘင်ပညာမှာကော သရုပ်ဆောင်အနုပညာပိုင်းမှာပါ ထူးချွန်ပြီး အရမ်းကိုနာမည်ကြီးနေတဲ့ ဟာသပညာရှင် ကြာစိကိုပရိတ်သတ်ကြီးသိကြမှာပါနော်။ တချိန်ကနာမည်ကြီးကျော်ကြားခဲ့တဲ့ မင်းသား ဝင်းဦးရဲ့ အသံ ဟန် တွေနဲ့ ပြတ်တဲ့ ပြတ်လုံးတွေဆို ပရိတ်သတ်တွေ အမြဲလိုလို အကြိုက်တွေ့ခဲ့ရတာပါနော်။

ဗီဒီယိုဇာတ်လမ်းတွေနဲ့ရုပ်ရှင်ဇာတ်ကားကြီးပေါင်းများစွာမှာလည်းပါဝင်သရုပ်ဆောင်ခဲ့သူလည်းဖြစ်ပါတယ်။ အချစ် အမုန်း အလွမ်း ဟာသ စွယ်စုံရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီးတော့ ကျရာဇာတ်ရုပ်ကိုပီပြင်စွာသရုပ်ဖော်နိုင်တဲ့ နာမည်ကြီးလူကြိုက်များတဲ့လူရွှင်တော်တစ်ယောက်ပါနော်။

သူဟာ လက်ရှိမှာဆိုရင် ပရိတ်သတ်တွေအားကျရလောက်အောင် သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးနဲ့ ချစ်ဖို့ကောင်းလွန်းတဲ့ သမီးလေးဆုသဒ္ဓါကို ပိုင်ဆိုင်ထားရတဲ့ ဖခင်တစ်ယောက်လည်းဖြစ်ပါတယ်နော်။ အခုတစ်ခါမှာတော့ ဇနီးချောလေးက မအားတာနဲ့ သမီးလေးကို ဖုန်းကို လက်တစ်ဖက်က ပွတ်ရင်း ဆရာကျကျ ကလေးထိန်းနေခဲ့ပါတယ်နော်။ မီးမီးလေးကလည်း ချစ်ဖို့ကောင်းလောက်အောင် ဖေဖေ့ပေါင်ပေါ်မှာ ငြိမ်ငြိမ်လေးနဲ့ထိုင်ပြီးဖုန်းအတူတူကြည့်နေတာကြောင့် ဖေဖေကြာစိက အထူးတလည်တောင်ထိန်းနေစရာမလိုတဲ့ ပုံပါပဲနော်။ ကဲ... ဒီလို အဖေတူပြီးတော့ အရမ်းလည်းလိမ္မာနေတဲ့ မီးမီးလေး ဆုသဒ္ဓါဟာ မကြာခင်မှာဆိုရင် (၆) လပြည့်တော့မှာပါတဲ့ ချစ်ပရိတ်သတ်ကြီးရေ....

Source : Kyar Si

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။