K-Pop အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Shinee အဖွဲ့ကို ပရိသတ်ကြီးသိမယ်လို့ထင်ပါတယ်....သူတို့အဖွဲ့ဟာဆိုရင် ၂၀၀၈ခုနှစ်ကနေ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ အဖွဲ့ဝင်လေးယောက်ရှိကာ နာမည်တွေကတော့ Onew, Key, Minho နဲ့ Taemin တို့ဖြစ်ကာ Jonghyun ကတော့ ၂၀၁၇ခုနှစ်မှာ သေဆုံးခဲ့ပါတယ်။ သူတို့အဖွဲ့ဟာဆိုရင် ပရိသတ်တွေရဲ့ အာပေးမှုကို ယနေ့တိုင်ရရှိနေတဲ့အဖွဲ့ပဲဖြစ်ကာ အောင်မြင်တဲ့ အဖွဲ့တစ်ဖွဲ့ပဲဖြစ်ပါတယ်။ 

ခုချိန်မှာတော့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Minho ရဲ့ စစ်မှုထမ်းရမဲ့နေ့ကို အတည်ပြုလိုက်ပြီပဲဖြစ်ပါတယ်။ သူတို့နိုင်ငံရဲ့ စစ်မှုမထမ်းမနေရဆိုတဲ့ ဥပဒေအတိုင်း စစ်မှုထမ်းရတော့မဲ့ Minho တစ်ယောက် အဆင်ပြေပါစေ။ သူဟာ ဇန်နဝါရီလထဲမှာ မရိန်းတပ်ဖွဲ့ဝင်ဖို့ အင်တာဗျူး ဖြေဆိုခဲ့ကာ သူအောင်မြင်ကြောင်းကို ၂၁ရက်နေ့ မတ်လမှာ စာပိုခဲ့ပါတယ်။ အောင်မြင်တဲ့အတွက်ကြောင့် သူဟာ မရိန်းတပ်ထဲကို April 15 ရက်နေ့မှာ သွားရောက် အမှုထမ်းရမှာဖြစ်ပါတယ်။  

Minho ဟာဆိုရင် Shinee အဖွဲ့ရဲ့ တတိယမြောက်အဖွဲ့ဝင်တစ်ယောက်ဖြစ်ကာ သူဟာခုချိန်မှာ သူရဲ့ ပထမဆုံး solo သီချင်းဖြစ်တဲ့ “I’m Home” ကို မတ်လ ၂၈ရက်နေ့မှာ ထွက်ရှိဖို့လုပ်ထားပါတယ်။ သူဟာအဆိုပိုင်းမှာလဲ အောင်မြင်သလို သရုပ်ဆောင်ပိုင်းမှာလဲ အောင်မြင်တဲ့ မင်းသားတစ်ယောက်ဖြစ်ပါတယ်။ သူဟာ အဆိုဘက်မှာရော သရုပ်ဆောင်ပိုင်းမှာရော ဆုများစွာကို ရရှိခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ကာ စစ်မှုထမ်းရာမှ အဆင်ပြေပါစေ....။

Source : Koreaboo 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။