Mrtv-4 သရုပ်ဆောင်မင်းသား ရှင်မွေလ ဟာဆိုရင် မြင့်မြတ်နဲ့ ရုပ်ချင်းဆင်တယ်လို့ လူသိများခဲ့ပြီး အခုအချိန်မှာဆိုရင်တော့ MTV သီချင်းများနှင့် video များကိုရိုက်ကူးနေပြီဖြစ်ပါတယ်။ ဇာတ်လမ်းတွဲအသစ်တွေအတွက်လည်း ကြိုတင်ပြင်ဆင်လျက်ရှိပြီး အနုပညာအလုပ်ကိုကြိုးစားလုပ်ကိုင်နေတာဖြစ်ပါတယ်...။ ဂျာနယ်တွေ မဂ္ဂဇင်းတွေအတွက်လည်း ဓာတ်ပုံများ ရိုက်ကူးနေတယ်လို့သိရပါတယ်။ ရှင်မွေလ ပါဝင်ရိုက်ကူးထားတဲ့ Mrtv-4 ဇာတ်လမ်းတွဲဖြစ်တဲ့ "ပျားရည်အိုင်" ဇာတ်ကားဟာဆိုရင်လည်း လူကြိုက်အလွန်များလှပြီး တတိုင်းပြည်လုံးရှိပရိသတ်တွေက တစ်ခဲနက်အားပေးခဲ့ကြတာပါနော်...။

သရုပ်ဆောင်ရှင်မွေလဟာဆိုရင် မိန်းကလေးပရိသတ်တွေရဲ့ အသည်းတွေကိုခြွေယူထားတာဖြစ်ပြီး နှုတ်ခမ်းနီမလေးတွေရဲ့ အချစ်တော် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေးပဲဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်းတာကြောင့်လည်း အချိန်တိုတွင်းမှာတင် နာမည်ရ လူကြိုက်များအောင်မြင်လာတာဖြစ်ပြီး ခန့်ညားထည်ဝါတဲ့ ရုပ်ရည်ရူပကာ ရှိတာကြောင့်လည်းဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်းရုံတင်မဟုတ်ဘဲ စိတ်သဘောထားဖြူစင်ပြီး ရိုးသားပွင့်လင်းတဲ့အတွက်ကြောင့်လည်း ရှင်မွေလရဲ့ အောင်မြင်မှုတွေဟာ အချိန်နဲ့တပြေးညီ တိုးပွားနေတာကို တွေ့မြင်ရမှာပါ...။

ရှင်မွေလ ဟာပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင်လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင် သူရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း ပုဂံမြေကိုရောက်ရှိနေတာဖြစ်ပြီး အလွန်ခန့်ညားထည်ဝါတဲ့ အမှတ်တရပုံရိပ်တွေကို ရိုက်ကူးခဲ့တာဖြစ်ပြီး "ပုဂံနဲ့ကိုယ်နဲ့တွေ့ပြီ" ဆိုတဲ့ status လေးနဲ့တကွ သူရဲ့ official facebook accတွင် ထုတ်ဖော်တင်ဆက်ပြသထားတာဖြစ်ပါတယ်..။ Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...။

Source Shin Mwe La 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။