ဒီနေ့ မတ်လ ၂၁ ရက်နေ့ကတော့ သရုပ်ဆောင် မင်းသမီးချောလေး ခေးဆက်သွင်ရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေနဲ့ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်တဲ့ ခေးက ဇာတ်လမ်းတွဲလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့သူလေး ဖြစ်ပါတယ်။ ဒီနှစ်မွေးနေ့ရက်မြတ်လေးမှာတော့ ခေးက ရဟန်းအပါး ( ၃၀) ကို ရဟန်းခံရှင်ပြုပေးတဲ့ အလှူတော်မင်္ဂလာပွဲလေးကို ကုသိုလ်ယူပြီး ကျင်းပပြုလုပ်ခဲ့ပါတယ်။

ခေးရဲ့ မွေးနေ့လေးကိုတော့ သူငယ်ချင်းတွေအားလုံးက ဆုမွန်ကောင်းတောင်းပေးခဲ့ပြီး ကျော်ကျော်ကလည်း ခေးအတွက် အမှတ်တရပုံလေးနဲ့ မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။ ကျော်ကျော်နဲ့ခေးတို့နှစ်ယောက်ကတော့ "အရိပ်" ဇာတ်လမ်းတွဲမှာ ပေါက်ကျိုင်းနဲ့ အမာညိုဆိုပြီး အတွဲညီညီ သရုပ်ဆောင်ခဲ့တဲ့ အနုပညာမောင်နှမတွေပဲ ဖြစ်ပါတယ်။ အခုလည်း ကျော်ကျော်က ခေးအတွက် မွေးနေ့ဆုတောင်းပေးထားသလို စနောက်ကျီစယ်ထားတာလည်း တွေ့ရပါတယ်။

ကျော်ကျော်က "ညီမလေးခေး ရေ...ဟက်ပီးဘတ်ဒေးပါ..အမြဲတမ်း ပြုံးပျော်ရွှင်စွာနေတက်ပီး အလုပ်ကိုလဲတအားကြိုးစားတဲ့ မင်းသမီးလေးတစ်လက်မို့ အကယ်ဒမီတွေရတဲ့အထိ အောင်မြင်ပါစေလို့ ကိုကျော်ဆုတောင်းပေးပါတယ်နော် အဝေးကပေါက်ကျိုင်း" ဆိုပြီး ခေးကို မွေးနေ့ဆုတောင်းပေးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ခေးရဲ့အလှူဖိတ်စာအောက်မှာလည်း "ရဟန်းဒါယိကာ မောင်ပေါက်ကျိုင်း" လို့ စနောက်ထားတာလည်း တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် တစ်ချိန်က အတွဲညီညီ သရုပ်ဆောင်ခဲ့တဲ့ ကျော်ကျော်နဲ့ ခေးဆက်သွင်တို့ရဲ့ ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Kyaw Naing Oo & Khay Sett Twin;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။