မကြာခဏဖြစ်ပေါ်တက်တဲ့ ပြည်တွင်း မီးလောင်မှုသတင်းတွေကိုတတော့ အားလုံးလည်း ကြားမိကြမယ်ထင်ပါတယ်။ ကြောက်စရာကောင်းတဲ့ မီးဘေးဒုက္ခကြောင့် သေဆုံးသူများစွာနှင့်အတူ ဘဝပျက်ခဲ့ရသူတွေလည်းများစွာဖြစ်ပေါ်ခဲ့တာအားလုံးအသိပဲဖြစ်မှာပါ။ ဒီကနေ့ မတ်လ ၂၁ရက်နေ့မှာလည် လှိုင်သာယာမြို့နယ်အတွင်း မီးလောင်မှုကြီးတစ်ခု ထပ်မံဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။         

မကြာခဏဆိုသလိုကြားသိနေရတဲ့ မီးလောင်မှုသတင်းတွေထဲမှာ လှိုင်သာယာမြို့နယ်အတွင်းလောင်ကျွမ်းမှုတွေကတော့ များစွာရှိနေပြီး ဆုံးရှုံးမှုတွေကတော့ မရေမတွက်နိုင်အောင်ရှိခဲ့ကြောင်းသိရပါတယ်။ ဒီကနေ့ မတ်လ ၂၁ ရက်နေ့ မကြာသေးမီကလည်း လှိုင်သာယာမြို့နယ် ပန်းလှိုင်ဂေါက်ကွင်းအနီး ညောင်ရွောတွင် မီးလောင်မှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။  

အဆိုပါ မီးလောင်မှုကတော့ ဒီကန့ နေ့လည် ၃ နာရီ ဝန်းကျင်ကစတင်ခဲ့တာဖြစ်ပြီး လက်ရှိ မီးသတ်ရေယာဉ် Level 2 အဆင့်ဖြင့် သွားရောက်ငြိမ်းသတ်နေရကြောင်း သိရပါတယ်။ လက်ရှိငြိမ်းသတ်နေတဲ့ လှိုင်သာယာမြို့နယ် ပန်းလှိုင်ဂေါက်ကွင်းအနီး ညောင်ရွောတွင် မီးလောင်မှုှ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

vide0 - Myanmar Fire Services Dpartment 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။