မြန်မာနိုင်ငံရဲ့နာမည်ကျော်မင်းသမီးတွေအတိုင်းအလှတွေအပြည့်နဲ့အောင်မြင်နေတဲ့မင်းသမီးလေးကတော့အိချောပိုပဲဖြစ်ပါတယ်။သူ့ရဲ့ရိုးရှင်းကျော့မော့တဲ့အလှတွေကပရိသတ်တွေကိုတမူထူးခြားစေတာဖြစ်ပါတယ်။မြန်မာဆန်ဆန်ပုံရိပ်တွေသာမကသူ့ရဲ့ဖက်ရှင်တိုင်းနဲ့ပုံရိပ်တွေကလည်းကြည့်နေရင်းအလှတွေပိုနေတာဖြစ်ပါတယ်။

အိချောပိုဟာ လှပတဲ့ခန္ဓာကိုယ်ကောက်ကြောင်းကို ပိုင်ဆိုင်ထားသောသရုပ်ဆောင်မင်းသမီးတစ်ဦးပါ။ အနုပညာပျိုးခင်းမှတစ်ဆင့်စတင်လာပြီး ယခုဆိုရင်အောင်မြင်တဲ့ထိပ်တန်းမင်းသမီးတစ်ယောက်အဖြစ် ရပ်တည်လာနိုင်ပြီပဲ ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေပိုမိုရိုက်ကူးလာတာတွေ့ရပြီး အရင်ကထက်ပိုပြီးသဘာဝကျကျသရုပ်ဆောင်ပီပြင်လာတာကိုလည်း တွေ့ရပါတယ်။ 

စူစူကတော့ တောင်ကြီးမှာ သွေးကြွေးဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို မင်းသားအောင်ရဲလင်းနဲ့ရိုက်ကူးနေတာပဲဖြစ်ပါတယ်။ ပရိသတ်တွေကချစ်စနိုးနဲ့ခေါ်ကြတဲ့ စူစူကကတော့ ဒီဇာတ်ကားကြီးရဲ့ရိုက်ကွင်းပုံရိပ်တွေကို သူမရဲ့ပရိသတ်တွေအတွက် ပုံရိပ်လေးတွေဝေမျှလိုက်တာပါ။ ပရိသတ်ကြီးလည်း ဒီဇာတ်ကားထဲကပုံရိပ်လေးတွေကို ကြည့်ရှုအားပေးကြပါဦးနော်။

Photo - Ei Chaw Po 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။