ဒီအပတ်တွင်ထဲမှာ Justin Bieber တစ်ယောက်ဟာ စိတ်ဓာတ်တွေကျလျက်ရှိပါတယ်။ ဒါပေမဲ့လဲ သူမိန်းမဖြစ်သူ Hailey Baldwin ရဲ့အကူအညီတွေကြောင့်သူဟာ ပျော်ရွှင်လျက်ရှိပါတယ်။ ဗုဒ္ဓဟူးနေ့က သူတု့ိနှစ်ယောက် ကမ်းခြေမှာ ရိုက်ထားတဲ့ ပုံတွေမှာ ပျော်ရွှင်နေတာကို တွေ့ရှိရပါတယ်။ အိမ်ထောင်ရေးတစ်ခုဟာ အမြဲတမ်းလိုလိုတော့ အဆင်မပြေမှုတွေရှိပေမဲ့ ပျော်ရွှင်စရာ အချိန်တွေတော့ရှိစမြဲပါပဲ။ 

ပုံမှာတွေ့တဲ့အတိုင်း JB ရဲ့မျက်နာဟာဆိုရင် ပြုံးပျော်ရွှင်နေတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ထို့အပြင် ကမ်းခြေဘေးမှာယလဲ နှစ်ယောက်ကလက်ကိုဆုပ်ကိုင်ကာ လမ်းလျှောက်နေတာကိုတွေ့ရှိခဲ့ပရပါတယ်။ ကြည်နူးစရာ မြင်ကွင်းလေးတစ်ခုပါပဲ....ချစ်နေတက်ကြပါပေတယ်။ နှစ်ယောက်က အရမ်းကိုပျော်ရွှင်နေကြတာဖြစ်ပြီး သူတို့ရဲ့မင်္ဂလာဆောင်ကိစ္စကိုလဲ အနောက်ကိုပို့ထားကြပါတယ်။  

သူတို့နှစ်ယောက်ရဲ့ မင်္ဂလာဆောင်ကို ခုချိန်မှာ စဉ်စားဖို့မသင့်တော်ပါဘူး....JB ရဲ့ကျန်းမာရေးအခြေအနေကိုပဲ အာရုံစိုက်သင့်ကြောင်းကို သတင်းသမားတွေကပြောပြခဲ့ပါတယ်။ အဲ့နေ့အစောပိုင်းမှာဆိုရင်လဲ JB တစ်ယောက်ဟာ ဝမ်းနည်းနေခဲ့တာဖြစ်ပြီး Hailey ကသူ့ကိူဖက်ကာ အားပေးနှစ်သိမ့်ခဲ့ပါသေးတယ်။ JB လဲသီချင်းတွေပြန်ဆိုဖို့အတွက် အာရုံစိုက်နေပြီဆိုတဲ့ သတင်းတွေထွက်ရှိနေတာမို့ ပရိသတ်ကြီး စောင့်မျှော်ခံစားလိုက်ပါအုန်း။ 

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။