ချစ်ပရိတ်သတ်ကြီးရေ... ဟိုးအရင်ကတည်းက ရုပ်ရှင်အနုပညာလောကမှာ လျှမ်းလျှမ်းတောက် နာမည်ကျော် ရုပ်ရှင်မင်းသားတစ်ဦးဖြစ်တဲ့ ကျော်သူကိုမသိတဲ့သူမရှိပါဘူးနော်။ ရုပ်ရှင်လောကမှာဘုရင်တစ်ဆူလိုနေရာယူနေခဲ့ပြီးတော့ သူရဲ့ရုပ်ရှင်ဇာတ်ကားတွေတိုင်းကလည်း ပရိတ်သတ်တွေအသည်းစွဲဖြစ်ပြီး အခုထိအောင်မြင်နေဆဲပါပဲနော်။

အခုတစ်ခါ ရုပ်ရှင်လောကထဲကိုပြန်ရောက်လာခဲ့တဲ့အချိန်မှာတော့ အရင်ကနဲ့မတူတဲ့ဖနိတီးမှုတွေ သရုပ်ဆောင်မှုတွေနဲ့အတူ ပရိတ်သတ်တွေရဲ့ အားပေးမှုတွေကို ထပ်မံရရှိခဲ့ပြန်ပါတယ်နော်။ ကျော်သူဟာ အခုတစ်ခါမှာတော့ သရုပ်ဆောင်အပြင်ကို ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီးရုပ်ရှင်ဇာတ်ကားကြီးပေါင်းများစွာကိုရိုက်ကူးပုံဖော်လျက်ရှိပါတယ်နော်။

သူဟာ လက်တလောမှာတော့ ဂမ္ဘီရမျက်လုံးဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို သရုပ်ဆောင်အလင်းရောင် ရွှေသမီး ထူးအောင်နဲ့ အတူ အခြားသော လူငယ်သရုပ်ဆောင်များစွာနဲ့ ပူးပေါင်းဖန်တီးလျက်ရှိပါတယ်နော်။ မိသားစုရဲ့ အဝေးမှာ အလုပ်တွေ အရမ်းကို ကြိုးစားနေတဲ့ ကျော်သူ ဟာ အခုတစ်ခါမှာလည်း ရှမ်းပြည်ဘက်မှာ ရုပ်ရှင်သွားရိုက်ရင်းနဲ့ ရှမ်းပြည်တောင်ပိုင်း လုံးပျဉ်ရွာမှာ တပေါင်းလပြည့် " မြသိန်းတန် ဘုရားပွဲ"နဲ့ ကြုံတွေခဲ့ရပါတယ်နော်။ ထူးထူးခြားခြားပဲ မြင်ရခဲလှတဲ့ ဒုံးလွှတ်ပွဲလည်းပါဝင်ခဲ့တဲ့အတွက် ဒေသခံ ပအို့တိုင်းရင်းသားတွေနဲ့ အတူ ကျော်သူတို့ရုပ်ရှင် အဖွဲ့သားတွေဟာ ပျော်ပျော်ရွှင်ရွှင်ပါဝင် ဆင်နွှဲခဲ့ကြတယ်လို့ သိရပါတယ် ချစ်ပရိတ်သတ်ကြီးရေ...

Source : Kyaw Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။