ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ အကယ်ဒမီ ခိုင်သင်းကြည်ကတော့ ဇာတ်ကောင်ပေါင်းများစွာမှာ နေရာယူခဲ့ပြီး ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်လို့ အကယ်ဒမီဆုတွေကို ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။ခိုင်သင်းကြည်က သူမရဲ့ အသက်မွေးဝမ်းကြောင်းဖြစ်တဲ့ အနုပညာအလုပ်ကို အလေးထားပြီး ကြိုးစားသူတစ်ယောက်ဖြစ်လို့ အောင်မြင်မှု့တွေကို ရရှိလာခဲ့တာပါ။မခိုင်လေးက စိတ်သဘောထားရိုးရှင်းဖြူစင်ပြီး ပွင့်ပွင့်လင်းလင်းနဲ့ ပျော်ပျော်နေတတ်သူတစ်ယောက် ဖြစ်ပါတယ်။

တည်ငြိမ်အေးချမ်းတဲ့ ဘဝတစ်ခုကိုလည်း ပိုင်ဆိုင်ထားပြီး ချစ်ရတဲ့ ယောကျာ်းရယ် သမီးလေးရယ်နဲ့ အတူတူ ဘဝခရီးကို လျှောက်လှမ်းနေတာပဲဖြစ်ပါတယ်။သူမရဲ့ အနုပညာအလုပ်တွေကိုလည်း တစ်စိုက်မက်မက် ကြိုးစားသလို သူမရဲ့ မိသားစုကိုလည်း လစ်ဟာမှု့မရှိအောင် ဂရုစိုက်တဲ့သူတစ်ယောက်ပါ။ယခုချိန်ထိ နုငယ်ပျိုမျစ်ဆဲအလှတွေနဲ့အတူ လူငယ်လေးတွေလို သွက်သွက်လက်လက်နဲ့ နေထိုင်တဲ့သူတစ်ယောက်မို့ လူချစ်လူခင်ပေါများနေတာဖြစ်ပါတယ်။

ခိုင်သင်းကြည်တို့မိသားစုက ခရီးတွေထွက်ပြီး ပျော်ပျော်ရွှင်ရွှင် နေထိုင်တဲ့ မိသားစုတွေဖြစ်ပြီး အလှူအတန်းလည်း ရက်ရောကြပါတယ်။သာယာအေးချမ်းတဲ့ မိသားစုလေးဖြစ်လို့ လူအများက အားကျနေရတဲ့ မိသားစုလေးပါနော်။ခိုင်သင်းကြည်က ယခုချိန်ထိလည်း အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေဆဲပါ။အခုဆိုရင်တော့ ခိုင်သင်းကြည်က သူမအလုပ်လေးတွေအားရင် သင်္ကြန်မတိုင်ခင်မှာ တရားစခန်းဝင်ဖို့အတွက် အစီအစဉ်လေးဆွဲလိုက်ပါတယ်နော်။

Source:Khine Thin Kyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။