ခုမှာတော့ဘောလုံးချစ်ပရိသတ်တွေကိုဘောလုံးလောကရဲ့မမေ့နိုင်မယ့်ပွဲလေးတစ်ခုကိုမိတ်ဆက်ပေးချင်ပါတယ်။အဲ့တာကတော့ပရိသတ်တွေစိတ်အဝင်စားဆုံးဖြစ်တဲ့ကမ္ဘာဖလားပြိုင်ပွဲကဂိုးပြတ်နိုင်ပွဲတစ်ခုပဲဖြစ်ပါတယ်။အဲ့ပွဲလေးကတော့အသင်းကြီးတွေထိပ်တိုက်တွေ့ဆုံကြတာဖြစ်ပြီးဂိုးပြတ်အနိုင်ယူသွားတာပါ။

အဲ့ပွဲလေးကတော့ဘရာဇီးနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့၂၀၁၄ကမ္ဘာဖလားပြိုင်ပွဲပဲဖြစ်ပါတယ်။အဆိုပါပွဲရဲ့ဆီမီးဖိုင်နယ်မှာတော့အိမ်ရှင်ဘရာဇီးအသင်းနဲ့နာမည်ကြီးဂျာမနီတို့တွေ့ဆုံခဲ့ကြပြီးဂျာမနီအသင်းက(၇-၁)ဆိုတဲ့ရလဒ်နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။အဆိုပါပြိုင်ပွဲမှာတော့ဘရာဇီးအသင်းဟာအိမ်ရှင်အသင်းပီပီဗိုလ်ဆွဲဖို့ရေပန်းစားခဲ့ပေမယ့်မမျှော်လင့်တဲ့ရလဒ်တွေနဲ့ကြုံတွေ့ခဲ့ရတာပါ။

အဲ့ပွဲရဲ့ပထမပိုင်းမှာကတည်းက(၅-ဝ)ပြတ်နဲ့ဦးဆောင်နေခဲ့တာဖြစ်ပြီးဘရာဇီးအသင်းရဲ့ကစားကွက်တွေကအရာမဝင်ခဲ့တာဖြစ်ပါတယ်။ဘရာဇီးအသင်းရဲ့တစ်ဦးတည်းသောခြေပဂိုးကိုတော့မိနစ်၉၀မှာအော်စကာကသွင်းယူခဲ့တာပါ။ဒီပွဲအပြီးမှာတော့ပရိသတ်တွေနဲ့ကစားသမားတွေငိုကြွေးခဲ့ရတာပါ။အဲ့ကမ္ဘာဖလားပြိုင်ပွဲမှာတော့ဂျာမနီအသင်းကအနိုင်ရဗိုလ်ဆွဲသွားတာပဲဖြစ်ပါတယ်။

SOURCE:Football memories

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။