ဟာသလေးတွေနဲ့ ပရိသတ်တွေကို ဘဝအမောပြေစေတတ်တဲ့ ဖြူဖြူထွေးတစ်ယောက် သူမရဲ့ မြန်မာဆန်ဆန်ပုံရိပ်လေးတွေကို ဝေမျှပေးလိုက် ပြန်ပါပြီ။ ချစ်စရာ ကောင်းပြီး ရိုးသားတဲ့ တောသူလေးမို့ ပရိသတ်တွေရဲ့အားပေးမှုကိုလည်း အပြည့်အဝရရှိထားသူ တစ်ယောက် ပါပဲ။ ဒဂုံတက္ကသိုလ်ရဲ့ ကျောင်းဆရာကန်တော့ပွဲမှာ အကစွမ်းရည်ပြသရင်းက လူသိများ လာခဲ့ပြီး လက်ရှိအချိန်မှာတော့ အနုပညာလောကထဲမှာ စတင်ခြေချနိုင်နေပြီပဲဖြစ်ပါ တယ်။

သူမရဲ့ အမူအရာနဲ့ဟန်ပန်လေးတွေက အရမ်းကိုချစ်စရာကောင်းလွန်းတာမို့ ပရိသတ်တွေ ရဲ့ အသည်းကျော်လေးတစ်ယောက်လည်းဖြစ်လို့ နေပါတယ်။ အနုပညာပိုးအပြည့်ပါတဲ့ ဖြူဖြူထွေး တစ်ယောက် လက်ရှိမှာလည်း အနုပညာလှုပ်ရှားမှုတွေဆက်တိုက်လုပ်နေပြီး ပရိသတ်အားပေး ထောက်ခံမှုကိုလည်း အပြည့်အဝရရှိထားပါသေးတယ်။ အမြဲလိုလို သနပ်ခါးလေးနဲ့ နေတတ်တဲ့ ရိုးသားတဲ့တောသူမလေးပါပဲ။

သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကို " အလုပ်တွေ ကြိုးစာနေပြီးဗျိူ့ " ဆိုပြီး ဝေမျှလိုက်တာပဲ ဖြစ်ပါတယ်။ ခရမ်းရောင်ဝတ်စုံလေးက ပိန်ပိန်ပါးပါးနဲ့ ချစ်စရာကောင်းတဲ့ သူမနဲ့အရမ်းကို လိုက်ဖက်လွန်းနေပါတယ်။ အချိန်တိုင်းမှာ ရယ်ေ်နတတ်တဲ့ မျက်နှာလေးက တကယ့်ကို စိတ်အေးချမ်စေတာမို့ ပရိသတ်ကြီးအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo - Phyu Phyu Htwe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။