ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပပြီး ပုရိသေတွေရဲ့ ဝန်းရံအားပေးမှုကို အများဆုံးလက်ခံရရှိထားတဲ့ Transgender အလှမယ် မေသစ္စာမောင် ကိုအထူးတလည်မိတ်ဆက်ပေးစရာမလိုဖူးထင်ပါတယ်နော်..။ မိန်းကလေးအစစ်တွေထက်တောင်ဆွဲဆောင်မှုရှိရှိ ချောမောလှပတာဖြစ်ပြိး ၂၀၁၉ ခုနှစ်မှာ Miss International Queen Myanmar သရဖူဆုကို ဆွတ်ခူးရရှိထားသူတစ်ဦးဖြစ်ပါတယ်...။ ချစ်ဖို့ကောင်းပြီး စိတ်သဘောထားဖြူစင်တဲ့ အတွက်ကြောင့် ယောက်ျားလေးပရိသတ်တွေသာမက၊ မိန်းကလေးပရိသတ်တွေကပါ ချစ်ခင်အားပေးနေတာကို မြင်တွေ့ရမှာပါ...။

သူမရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting တွေအများဆုံးရိုက်ကူးရတာဖြစ်ပြီး၊ ကြော်ငြာ အများအပြားကိုလည်း လက်ခံရိုက်ကူးနေရတာဖြစ်ပါတယ်။ သီချင်း Mtv တွေထဲမှာလည်း သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပါဝင်ရိုက်ကူး ခဲ့တာကို ပရိသတ်ကြီးအနေနဲ့ ရှုမြင်ခံစားခဲ့ကြရမှာဖြစ်ပါတယ်။ ဆက်လက်ပြီး သီချင်းဗီဒီယိုတွေလည်း လက်ခံရိုက်ကူးနေတာဖြစ်ပါတယ်။ ဖက်ရှင်အလန်းစားလေးနဲ့ သူမရဲ့ဆွဲဆောင်မှုရှိရှိ အလှပုံရိပ်လေးတွေကို ပရိသတ်ကြီးကြည့်ရှုခံစားရအောင် facebook ပေါ်တွင် အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်။

မေသစ္စာမောင်က သူမရဲ့ လှုပ်ရှားမှု အမျိုးမျိုးကိုထုတ်ဖော်ပြသရာတွင် အလျင်မြန်ဆုံးနှင့် ပျံ့နှံမှုကွန်ယက် ကျယ်ပြန်တဲ့ facebook social media ကိုသာ အများဆုံးအသုံးပြုလေ့ရှိတာဖြစ်ပါတယ်...။ ခရီးသွားဝါသနာပါသူဖြစ်ပြီး ခရီးသွားမှတ်တမ်းပုံရိပ်တွေကို မကြာခဏမြင်တွေ့ရမှာဖြစ်သလို ရေကူးဝါသနာပါတဲ့ အတွက်ကြောင့် ရေကူးကန်ထက်က ရေစိုအလှတရားတွေကိုလည်း မကြာခဏဆိုသလိုမြင်တွေ့ကြရမှာပါ...။ အခုတစ်ခါမှာဆိုရင်လည်း "အခုတစ်လော ရေစိမ်ရတာပဲ သဘောကျနေတယ် ဟက်ဟက်" ဆိုတဲ့ stauts လေးနဲ့တကွ သူမရဲ့အမှတ်တရပုံရိပ်လေးတွေကို ထုတ်ဖော်ပြသထားပြီး Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...။

Source May Thitsar Maung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။