Rihanna ဟာဆိုရင် ကမ္ဘာကျော်အဆိုတော်တစ်ယောက်ဖြစ်သလို မင်းသမီးတစ်ယောက်ဆိုလဲမမှားပါဘူး။ သူမဟာ ခုချိန်မှာ သီချင်းဆိုတဲ့အပိုင်းမှာ အနည်းငယ်တာတီဆိုထားပြီး တခြားသောအနုပညာအလုပ်တွေမှ လှုပ်ရှားနေတာကို တွေ့ရှိရပါတယ်။ သူမဟာ ကိုယ်ပိုင် Brandဖြစ်တဲ့ Fenty Beauty ကို သူမကိုယ်တိုင် model လုပ်ပြီး ကြော်ငြာရိုက်ခဲ့ပါတယ်။ Model တစ်ယောက်အနေနဲ့လဲ သူမဟာ လှပပါတယ်.....။ 

အသက် ၃၁နှစ်ရှိပြီဖြစ်တဲ့ Rihanna ဟာ နေရောင်အောက်မှာ ရွှေရောင်အင်္ကျီကိုဝတ်ဆင်ပြီး ရွှေရောင်နေရောင်ခံ cream ကိုလိမ်းကာ ဓာတ်ပုံရိုက်ခဲ့ပါတယ်။ နေရောင်အောက်မှာ သူမရဲ့ ခန္ဓာကိုယ်အလှဟာ ပေါ်လွင်ထင်ရှားနေပါတယ်။ သူမရဲ့ကိုယ်ပိုင် brand ဖြစ်တဲ့ Fenty Beauty Body Lava ဟာလဲ ထွက်ထွက်လာကတည်းက အောင်မြင်တဲ့ အလှပြင်ပစ္စည်းထုတ်လုပ်တဲ့ Brand တစ်ခုပဲဖြစ်ပါတယ်။ အနုပညာရှင်တစ်ယောက်မို့ အောင်မြင်တာမဟုတ်ပဲ အရည်အသွေးကောင်းမွန်သော်ကြောင့် အောင်မြင်တာပဲဖြစ်ပါတယ်။  

သူမဟာလဲခုချိန်မှာ သူမရဲ့ထုတ်ကုန်ပစ္စည်းတွေနဲ့ပဲ အလုပ်တွေရှုပ်လျက်ရှိကာ အနုပညာဘက်ကို မလှည့်နိုင်သေးပါဘူး။ သူမရဲ့ အသစ်ထွက်ရှိလာမဲ့ သီချင်းတွေကိုလဲ ပရိသတ်ကြီး စောင့်မျှော်ခံစားနားဆင်ဖို့ အသင့်ပဲလိုထင်ပါတယ်။ သူမရဲ့ထုတ်ကုန်ဟာဆိုရင် ပထမဆုံးထွက်ရှိတဲ့ရက် ၄၀အတွင်းမှာပဲ ဒေါ်လာ သန်း၁၀၀ရရှိခဲ့ပါတယ်။ အဆိုတော်တစ်ယောက်ဆိုပေမဲ့လဲ လူတစ်ယောက်မှာ ကိုယ်ပိုင်စီးပွားရေးရှိမှ အဆင်ပြေမယ်လို့ သူတို့ကိုသူတို့သတ်မှတ်ထားတာဖြစ်နိုင်ပါတယ်။

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။