ပရိသတ်ကြီးရေ.. ဒီကနေ့ မတ်လ(၂၁)ရက်နေ့လေးကတော့ အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားပြီး ပေပီလို့ အားလုံးက ချစ်နိုးခေါ်ကြတဲ့ မော်လ်ဒယ်သရုပ်ဆောင် စူးရှထက်လေးရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်နော်..။

ပေပီလေးကတော့ ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ခန္ဓာကိုယ် အချိုးအစားလှပမှုတွေအပြင် ခပ်ဟော့ဟော့အမိုက်စား ဖက်ရှင်လေးတွေကြောင့်လည်း လူသိများပြီး ပရိသတ်တွေရဲ့ အမြင်အာရုံတွေကို ဖမ်းစားထားနိုင်သူလေးဆိုလည်း မမှားပါဘူး..။

ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချောလေး စူးရှထက်ဟာ အမိုက်စားခန္ဓာကောက်ကြောင်းနဲ့ အမိုက်စားဖက်ရှင်လေးတွေအပြင် ချစ်စရာကောင်းတဲ့ ဟန်ပန်ပုံရိပ်လေးတွေကြောင့်လည်း ပုရိသပရိသတ်တွေကြား ရေပန်းစားနေသလို မိန်းကလေးပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတာ တွေ့ရပါတယ်နော်..။

အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့ ပရိသတ်တွေရဲ့ အချစ်ောတ် စူးရှထက်လေးကတော့ လတ်တလောမှာလည်း ရှိုးပွဲတွေမှာ ချစ်ခင်အားပေးနေကြတဲ့ ချစ်ပရိသတ်တွေအတွက် သီချင်းလေးတွေလည်း သီဆိုဖျော်ဖြေနေတာ တွေ့ရပါတယ်နော်

ပေပီလေးတစ်ယောက် ဖြူနီပြာဝါ သင်္ကြန်သီချင်းလေးနဲ့ ပရိသတ်တွေကို သီချင်းဆိုဖျော်ဖြေရင်း သြင်္ကန်သီချင်းလေးနဲ့ ချစ်စရာကောင်းစွာ အမိုက်စားလေးဒွန့်ပြလိုက်တဲ့ သူမရဲ့ဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေကို ပြန်လည်မျှဝေထားပါသေးတယ်နော်..။

ချစ်ရတဲ့ Myanmarload မှ ပရိသတ်တွေအတွက်လည်း ပေပီလေးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ကြည့်ရှု့အားပေးရင်း ဒီကနေ့လေးမှာ မွေးနေ့ရက်လေး ကျရောက်လာတဲ့ ပေပီလေးအတွက် ချစ်ရတဲ့ပရိသတ်တွေကလည်း မွေးနေ့ဆုတောင်းစကားလေးတွေလည်း ပြောပေးသွားဖို့ မမေ့နဲ့ဦးနော်..။

Photo - စူးရှထက်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။