ကိုကြာနုတွေဖြစ်တဲ့ အကယ်ဒမီမင်းမော်ကွန်းနဲ့ ဝါရင့်အဆိုတော် စိုင်းစိုင်းခမ်းလိုင်တို့ နှစ် ယောက်သား ရိုက်ကူးထားတဲ့ ဟိုးတုန်းကပုံရိပ်လေး တစ်ခုကို မင်းမော်ကွန်းရဲ့သားဖြစ်သူ မင်းမြတ်က သူ့ရဲ့လူမှုကွန်ယက်မှာဝေမျှလိုက်တာပဲဖြစ်ပါတယ်။ တကယ်ပဲ အချိန်တွေ ကြာလေလေ ပိုပိုပြီး နုလေလေဖြစ်နေတဲ့ နှစ်ယောက်သားကတော့ အသက်တွေဘယ် လောက်ပဲကြီးကြီး အရင်လိုချောနေဆဲ နုနေဆဲဖြစ်နေပုံကတော့ ဘာဆေးတွေ စားထားလဲလို့ တောင် အားလုံးကထင်နေကြပါတယ်။

အနုပညာလောကမှာ အချိန်အကြာကြီးဖြတ်သန်းခဲ့ပြီး အကယ်ဒမီဆုကိုလည်း ပိုင်ဆိုင်ထား တဲ့ မင်းမော်ကွန်းတစ်ယောက်ဟာလည်း အသက် လေးဆယ်ကျော်သည့်တိုင် နုနေဆဲမို့ ပရိသတ်တွေက ကိုကြာနုလို့တောင် အမည်ပေးထားရတဲ့အထိပါပဲ။ စိုင်းစိုင်းကတော့ ယနေ့ ထက်တိုင် ပျိုပျိုမေတို့ရဲ့ အသည်းကျော်ဖြစ်နေဆဲမို့ အမျိုးသားထုကြီးက အားကျရတဲ့ Legend တစ်ယောက်ပါပဲ။

နှစ်ယောက်သားရဲ့ ဟိုးယခင်က ပုံရိပ်လေးကို " The two horsemen of immorality " ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ အမြဲလိုလို အဖေကို ဆေးထိုးတတ်ပြီး ခပ်ပျော်ပျော်နေ တတ်တဲ့ မင်းမြတ်တစ်ယောက် ဒီတစ်ခေါက်မှာလည်း အဖေကိုရော ဦးစိုင်းကိုရော နှစ်ယောက်ပေါင်းပြီး ဆေးထိုးလိုက်တာပဲဖြစ်ပါတယ်။ ကိုကြာနုနှစ်ယောက်ရဲ့ပုံရိပ်လေးကို တင်ဆက်ပေးလိုက်ပြီနော်။

Photo - Thomas Diaz

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။