မတ်မတ်နွယ်လို့ လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ မော်ဒယ်လ်၊ သရုပ်ဆောင်မင်းသမီး နွယ်ဒါလီထွန်းကိုသိကြမယ်ထင်ပါတယ်နော်...။ ခန္ဓာကိုယ် အချိုးအစားဟာ အပြစ်ပြောစရာမရှိအောင် ညီညာလှပတာဖြစ်ပြီး ကိုးရီးယား မင်းသမီးတစ်ယောက်လို အသားအရေ ဖြူဝင်းချောမွတ်တာကို ပရိသတ်တို့အနေနဲ့ရှုမြင်ခံစားခဲ့ကြရမှာပါ...။ သဘောကောင်းသူဖြစ်ပြီး ချစ်ဖို့ကောင်းတဲ့ အပြုအမူလေးတွေကြောင့် ယောက်ျားလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေကပါ ဝန်းရံအားပေးလျက်ရှိတာဖြစ်ပါတယ်...။

သူမရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုဟာဆိုရင်တော့ photo shooting တွေရိုက်ကူးလေ့ရှိပြီး၊ mtv သီချင်းအမိုက်စားတွေကိုလည်းရိုက်ကူးထားတာဖြစ်ပါတယ်..။ "အသဲကွဲသာဓု" ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း နိုင်ငံကျော်မင်းသားတွေနဲ့အတူ တွဲဖက်သရုပ်ဆောင်ထားတာဖြစ်ပါတယ်..။ ထိုဇာတ်ကားကြီးဟာဆိုရင်တော့ ဒါရိုက်တာ ညွှန့်မြန်မာ ညီညီအောင် ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး အကယ်ဒမီ ️ပြေတီဦး၊ ဇေရဲထက်နဲ့ နွယ်ဒါလီထွန်း တို့အပြင် အခြားအနုပညာရှင်ပေါင်းများစွာတို့ ပါဝင်ရိုက်ကူးသွားမှာဖြစ်ပါတယ်..။  

နွယ်ကတော့ ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင်လူမှု ကွန်ယက် စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း ကြာပန်းလေးနဲ့အတူ ရိုက်ကူးထားတဲ့ သူမရဲ့အလှပုံရိပ်လေးတွေကို official facebook acc တွင်ထုတ်ဖော်ပြသထားတာဖြစ်ပါတယ်..။ Myanmarload ပရိသတ်ကြီးလည်း ကြည့်ရှုခံစားရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်.....။

Source Nwe Darli Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။