ပရိသတ်ကြီးရေ.. အနုပညာလောကမှာ တဖြည်းဖြည်းနဲ့ ပြည်သူပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ အနုပညာရှင်ဆယ်လီမင်းသမီးချောလေးကတော့ ပွင့်လင်းပြီး ချစ်စရာကောင်းတဲ့ ဖြူဖြူထွေးပဲ ဖြစ်ပါတယ်နော်..။

ပွင့်လင်းပြီး ချစ်စရာကောင်းတဲ့ ဟန်ပန်ပုံရိပ်လေးတွေအပြင် ဟာသဗီဒီယိုလေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တော်လေးဖြစ်လာတဲ့ ပရိသတ်အချစ်တော် အနုပညာရှင်တစ်ဦးဖြစ်သလို သွက်လက်ဖျတ်လက်တဲ့ ပုံစံလေးတွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲရောက်ရှိလာခဲ့သူလေးဆိုလည်း မမှားပါဘူးနော်..။

အနုပညာကိုဝါသနာပါလွန်းတဲ့ ဖြူဖြူထွေးကတော့ သူမရဲ့ပင်ကိုယ်ဟာသစွမ်းရည်နဲ့ အကဗီဒီယိုလေးတွေကြောင့် လူမှုကွန်ယက်စာမျက်နှာကနေတစ်ဆင့် လူသိများအောင်မြင်လာခဲ့သူလေးလည်းဖြစ်သလို ဟာသအခွီဗီဒီယိုဖိုင်လေးတွေနဲ့လည်း ပရိသတ်တွေကို အမြဲပျော်ရွှင်ရယ်မောစေသူလေးလည်း ဖြစ်ပါတယ်နော်..။

ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အပြည့်အဝရရှိထားတဲ့ ဖြူဖြူထွေးလေးကတော့ သူမရဲ့ Tik Tok ဗီဒီယိုဖိုင်လေးတွေကိုလည်း ပရိသတ်တွေကို အမြဲပြန်လည်မျှဝေလေ့ရှိသလို အခုတစ်ခါမှာလည်း ချစ်စရာကောင်းလွန်းတဲ့ Tik Tok ဗီဒီယိုဖိုင်လေးတင်ပြီး ပရိသတ်တွေကို အချစ်ပိုစေတာ တွေ့ရပါတယ်နော်..။

အသက်ငယ်ငယ်လေးနဲ့ Mini Miss Myanmar သရဖူဆုကို အသက်(၄)နှစ်အရွယ်နဲ့ ဆွတ်ခူးရရှိထားတဲ့ ပရိသတ်တွေရဲ့ အသည်းကျော်ချစ်စရာ သမီးလေး သွန်းမြတ်ကြယ်စင် ရဲ့ အသံလေးနဲ့ ဟန်ပန်အမူအရာလေးတွေကို သရုပ်ဆောင်ထားတဲ့ Tik Tok ဗီဒီယိုလေးနဲ့ ပရိသတ်တွေကို ဖမ်းစားလိုက်တာပဲ ဖြစ်ပါတယ်နော်..။

မြန်မာနိုင်ငံရဲ့ အသက်အငယ်ဆုံး Miss လေးအဖြစ် " Little Miss Supranational Myanmar " သရဖူဆုကို ချီးမြှင့်ခြင်း ခံထားရတဲ့ ချစ်စရာ သမီးလေး သွန်းမြတ်ကြယ်စင်အဖြစ် သရုပ်ဆောင်ထားတဲ့ ဖြူဖြူထွေးလေးရဲ့ ချစ်စရာ Tik Tok ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်တာမို့ အသည်းလေးတွ ပေးသွားဖို့ မမေ့ပါနဲ့ဦးနော်..။

Photo - ဖြူဖြူထွေး၊ သွန်းမြတ်ကြယ်စင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။