ချစ်ပရိတ်သတ်ကြီးရေ.... အနုပညာလမ်းကြောင်းပေါ်မှာ ပရိတ်သတ်တွေအခိုင်အမာနဲ့ အနုပညာခြေလှမ်းတွေကို အင်ပြည့်အားပြည့်နဲ့ လျှောက်လှမ်းလျက်ရှိတဲ့ လူငယ်မင်းသားချောလေးအိစိကွေးဆိုတာပရိတ်သတ်တွေရဲ့အသည်းကျော်လေးတစ်ယောက်ပါပဲနော်။ငယ်ငယ်ကတည်းက အရမ်းကိုပဲ သရုပ်ဆောင်ကောင်လွန်းခဲ့တဲ့ ကလေးလေးလည်းဖြစ်တာကြောင့် အချစ်ပိုနေခဲ့ရတာပါ။

ပရိတ်သတ်တွေရဲ့မျက်စိရှေ့မှာတင် အရွယ်ရောက်ပြီးကြီးပြင်းလာခဲ့တဲ့ အိစိကွေးတစ်ယောက်ဟာ အခုအချိန်မှာဆိုရင် အနုပညာအလုပ်တွေကို ဇောက်ချလုပ်ကိုင်နေပြီပဲဖြစ်ပါတယ်နော်။ အဆိုပိုင်းမှာလည်းထူးချွန် သရုပ်ဆောင်ပိုင်း ပညာရေးစတဲ့ အပိုင်းတွေမှာလည်း ထူးချွန်အောင်မြင်သူတစ်ယောက်ဖြစ်တဲ့အပြင် လတ်တလောမှာလည်း The Loverလို့ခေါ်တဲ့ ဇာတ်လမ်းလေးကို ကိုယ်တိုင်ရေးပြီး ရုပ်ရှင် ဇာတ်လမ်းအဖြစ်အသက်သွင်းနိုင်ဖို့ကြိုစားနေခဲ့ပါသေးတယ်နော်။

ငယ်ငယ်ကတည်းကနေ အခုအချိန်ထိ ဘက်စုံတွေတော်ပြီး နာမည်ကျော်လေးဖြစ်နေခဲ့တဲ့ အိစိကွေးဟာ အခုတစ်ခါမှာလည်း သူ့ရဲ့အကြောင်းနဲ့ပတ်သတ်ပြီးတော့ စာမေးပွဲမေးခွန်းတွေမှာပါ မေးမြန်းထားတာကိုတွေ့ရပါတယ်နော်။ တောင်ကြီးက တက္ကသိုလ်ကျောင်းသားတွေအတွက်ထုတ်တဲ့ အင်္ဂလိပ်စာ စာမေးပွဲ ပထမနှစ်ဝက်မေးခွန်းမှာဆိုရင် သူ့ရဲ့အကြောင်းပါဝင်လာခဲ့တာပဲဖြစ်ပါတယ်။ အိစိကွေးကိုယ်တိုင်ကလည်းဝမ်းသာပီတိဖြစ်ခဲ့ရပါတယ်နော်။ ကဲ.... အိစိကွေးနဲ့ပတ်သတ်ပြီးပြောပြမေးမြန်းထားတဲ့ မေးခွန်းစာရွက် လေးကို ကြည့်လိုက်ရအောင် ချစ်ပရိတ်သတ်ကြီးရေ....

'

Source : Ei si kway

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။