ပရိတ်သတ်တွေရဲ့ အချစ်တော်လေးနှစ်ယောက်ဖြစ်တဲ့ ချစ်သုဝေရဲ့ သမီးလေးတွေ ခေတ်နဲ့ သစ်လေးကတော့ ပရိတ်သတ်တွေရဲ့ အသည်းကျော်လေးတွေပါပဲနော်။အမေဖြစ်သူ ချစ်သုဝေကလည်း အရမ်းချစ်စရာကောင်းပြီး စိတ်သဘောထားလေးဖြူစင်ကာ နူးညံ့သိမ်မွေ့သူဖြစ်ပါတယ်။အဆိုတော်လင်းလင်းကလည်း သမီးနှစ်ယောက်နဲ့ ချစ်ဇနီးလေးကို အရမ်းချစ်ပြီး အလိုလိုက်တဲ့ ဖခင်ကောင်းတစ်ယောက်ပါ။

အခုဆိုရင် ခေတ်နဲ့သစ်လေးကလည်း ဉာဏ်ကောင်းထက်မြက်ပြီး မူကြိုကျောင်းတက်တဲ့ အရွယ်ရောက်နေပါပြီ။စကားတွေလည်း အရမ်းတတ်ပြီး အရမ်းလည်တဲ့ ခေတ်နဲ့သစ်လေးတို့ရဲ့ အပြုအမူလေးတွေက ချစ်မွှေးပါပြီး လူချစ်လူခင်ပေါများပါတယ်နော်။မေမေ့ရဲ့ သေချာဂရုတစိုက်စောင့်ရှောက်မှုအောက်မှာ ထက်ထက်မြက်မြက်လေးနဲ့ လှလှပပလေး ကြီးပြင်းလာကြတာဖြစ်လို့ လိမ္မာရေးခြားရှိတဲ့ ကလေးလေးတွေပါ။

ခေတ်နဲ့သစ် တို့ညီအစ်မနှစ်ယောက်ကလည်း တစ်ယောက်ကိုတစ်ယောက် ချစ်ချစ်ခင်ခင် ရှိကြပြီး အချင်းချင်း အလျော့ပေးကြပါတယ်။ချစ်စရာကောင်းတဲ့ သူတို့ညီအစ်မနှစ်ယောက်က ဘယ်နေရာကိုပဲသွားသွား ချစ်သူခင်သူပေါလို့ အတိတ်ဘဝကံ အကျိုးပေးကောင်းမွန်ကြပါတယ်နော်။အခုဆိုရင်တော့ စတိုင်အမိုက်စားလေးတွေနဲ့ ချစ်စရာခေတ်နဲ့သစ်တို့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Source:Yayo Zinger

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။