မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့်အာရှယူ၂၃ခြေစစ်ပွဲတွေကိုတော့ဒီနေ့မှာ

ယှဉ်ပြိုင်ကစားရတော့မှာဖြစ်ပါတယ်။ဒီနေ့ပွဲမှာတော့မြန်မာအသင်းဟာတီမောအသင်းနဲ့

အဖွင့်ပွဲယှဉ်ပြိုင်ကစားရတော့မှာပဲဖြစ်ပါတယ်။မြန်မာအသင်းဟာဒီပြိုင်ပွဲမှာတော့အာရှ

ထိပ်သီးဂျပန်၊တီမော၊မကာအိုတို့နဲ့တစ်အုပ်စုတည်းကျရောက်နေတာဖြစ်ပါတယ်။

မြန်မာအသင်းဟာဒီပြိုင်ပွဲကိုအိမ်ရှင်အဖြစ်လက်ခံကျင်းကတာပီပီ ခြေစစ်ပွဲအောင်မြင်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။ဒီခြေစစ်ပွဲအတွက်အစွမ်းကုန်လေ့ကျင့်ခန်းတွေလည်း

လုပ်နေတာဖြစ်တာကြောင့်ဒီနေ့ပွဲမှာရလဒ်ကောင်းတွေရနိုင်ဖို့မျှော်လင့်နေတာဖြစ်ပါတယ်။

အုပ်စုတက်ဖို့ဆိုအဖွင့်ပွဲမှာမဖြစ်မနေအနိုင်ရဖို့လိုနေတဲ့မြန်မာအသင်းရဲ့ခြေစွမ်းတွေကို

မြင်ရဖို့ကတော့ပရိသတ်တွေစိတ်လှုပ်ရှားနေကြမှာပါ။

နည်းပြသစ်ရဲ့လက်ထက်မှာဒုတိယအကြိမ်နိုင်ငံတစ်ကာပြိုင်ပွဲဖြစ်ပြီးခုလိုအရေးကြီးတဲ့

အာရှပြိုင်ပွဲကြီးမှာရလဒ်ကောင်းယူနိုင်ဖို့ကလည်းအရေးကြီးနေခဲ့ပါပြီ။ပြီးခဲ့တဲ့လက

အာစီယံပြိုင်ပွဲမှာရလဒ်ဆိုးတွေကြုံခဲ့ရတဲ့မြန်မာအသင်းဟာဒီနေ့ပြိုင်ပွဲမှာတော့ဘယ်လို

ခြေစွမ်းတွေနဲ့အနိုင်ယူသွားမလဲဆိုတာဒီနေ့ည၆နာရီမှာစိတ်ဝင်စားဖွယ်အားပေးကြပါဦးနော်။

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။