မော်ဒယ်၊ သရုပ်ဆောင် မင်းသားချော ပိုင်တံခွန်ကတော့ ဆယ်ကျော်သက်အရွယ် ပျိုပျိုမေလေးတွေကြားမှာ သည်းသည်းလှုပ် ရေပန်းစားအောင်မြင်နေတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ ခဏလေးအတွင်းမှာ လူသိများအောင်မြင်လာတဲ့ ပိုင်တံခွန်က အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ သီချင်းဗီဒီယိုတွေ ဆက်တိုက်ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ တစ်ချက်ပြုံးလိုက်တိုင်း ပျိုပျိုမေလေးတွေရဲ့ ရင်ခုန်သံတွေကို မြန်ဆန်စေနိုင်တဲ့ ပိုင်တံခွန်က အခုလည်း Oppo ပွဲလေးကို တည်ငြိမ်ခန့်ညားတဲ့ အသွင်နဲ့ တက်ရောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လ (၂၁ ) ရက်နေ့က Sedona Hotel မှာ ကျင်းပပြုလုပ်ခဲ့တဲ့ " Oppo F11 Pro launching event " ပွဲလေးကိုတော့ ပိုင်တံခွန်နဲ့ အနုပညာရှင်များစွာက တက်ရောက်ခဲ့ကြပါတယ်။ ဒီပွဲလေးမှာတော့ ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေဖြစ်တဲ့ အဆိုတော် မျိုးကြီး၊ ပိုင်တံခွန်၊ ဒေါင်း၊မင်းသမီး ဝတ်မှုန်ရွှေရည်နဲ့ ပိုင်ဖြိုးသု တို့အပြင် နယ်ပယ်အသီးသီးက နာမည်ကြီးအနုပညာရှင်တွေ စုံစုံလင်လင် တက်ရောက်ခဲ့ကြတာ တွေ့ရပါတယ်။

ဒီပွဲလေးကို တက်ရောက်ခဲ့တဲ့ ပိုင်တံခွန်ကတော့ ပြည်သူ့အချစ်တော် မင်းသမီးချောလေးနှစ်ယောက်ကြားမှာ Gentleman တစ်ဦးလို စတိုင်အပြည့်နဲ့ တည်ငြိမ်ခန့်ညားနေတာ တွေ့ရပါတယ်။ အနောက်တိုင်းဝတ်စုံနဲ့ ခန့်ချောကြီးချောနေတဲ့ ပိုင်တံခွန်ရဲ့ပုံရိပ်တွေကတော့ မိန်းကလေးပရိသတ်တွေရဲ့အသည်းကို ခြွေယူသွားပြန်ပြီ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် Oppo ပွဲကို တက်ရောက်ခဲ့ကြတဲ့ ပိုင်တံခွန်တို့ အနုပညာရှင်တစ်စုရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Paing Takhon Fan Club;

photo credit;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။