ပရိတ်သတ်တွေကို အရယ်အပြုံးလေးတွေနဲ့ အမြဲတမ်းပျော်ရွှင်မှုတွေကို ပေးနေတဲ့ ခင်လှိုင်ကတော့ အနုပညာလောကထဲကို လူရွှင်တော်တစ်ယောက်အဖြစ် စတင်ဝင်ရောက်ခဲ့ရာကနေ အခုဆိုရင်တော့ လျှမ်းလျှမ်းတောက်အောင်မြင်နေပြီဖြစ်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်နေပါပြီနော်။ခင်လှိုင်က သာယာချမ်းမြေ့တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားပြီး သားသမီး မြေးတွေနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနေတာဖြစ်ပါတယ်။

ခင်လှိုင့်ရဲ့ သမီးအငယ်ဆုံးလေး သဇင်ထူးမြင့်ကတော့ လက်တလောမှာ အကယ်ဒမီပေးပွဲအတွက် ရွှေကြိုအဖြစ်ရွေးချယ်ခံထားရသူဖြစ်လို့ ပရိတ်သတ်တွေကြားမှာ ရေပန်းစားနေပါတယ်နော်။ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ဖြူစင်တဲ့အပြုံးလေးတွေကြောင့် ပရိတ်သတ်ကြီးက ချစ်ခင်အားပေးနေရတာပါ။အခုဆိုရင် သဇင်ထူးမြင့်က အကယ်ဒမီပွဲအတွက်"နက်ဖြန်တွက် ရင်ခုန်ပြီးစိတ်လှုပ်ရှားနေပြီငယ်ငယ်တည်းက ဒီလိုပွဲနေ့တိုင်းဖေဖေနဲ့မေမေ ပွဲတက်တာကိုအိမ်မှာဝိုင်းကူပြီးပြင်ဆင်ပေးတယ်"

"ပြီးရင်အိမ်မှာTVကနေ ဖေဖေတို့interview တွေစောင့်ကြည့်ခဲ့ကြတယ် အဲ့လိုနေ့ဆိုကျူရှင်ရှိခဲ့ရင် ခွင့်ပါယူတာမုန့်တွေလည်းအများကြီးဝယ်ထားတယ်မလွတ်အောင်ထိုင်ကြည့်တာ ကြော်ငြာဝင်ရင်အခြားတစ်လိုင်းပြောင်းတယ်လိုင်းတွေအကုန်ချိန်းပြီးကြည့်လို့လူကြီးတွေပါမူးကုန်တယ်နောက်တော့အကိုနေရဲလည်းပွဲတက်တော့ အိမ်မှာပွဲတက်တဲ့သူ၃ယောက်ဆိုတော့ပိုပြီးဝိုင်းလုပ်ပေးကြတယ် အဲ့ချိန်ထိလည်းဒီလိုပွဲကြီးကိုတက်ခွင့်ရှိလာလိမ့်မယ်ထင်ခဲ့မိဘူး ခုတော့မထင်မှတ်ထားတွေအများကြီးဖြစ်လာခဲ့ပြီ မနက်ဖြန်မှာအကောင်းဆုံးကြိုးစားသွားပါ့မယ်"ဆိုပြီး သူမရဲ့ စိတ်လှုပ်ရှားမှုလေးကို ပရိတ်သတ်တွေကို မျှဝေထားပါတယ်။

Source:Thazin Htoo Myint

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။