မြန်မာ့ Rock ဂီတ ရဲ့ ဂန္တဝင်ဘုရင်ကြီးဇော်ဝင်းထွဋ်တစ်ယောက် မြေးမလေးလက်ထဲရောက် မှ နှုတ်ခမ်းနီတွေ ဆိုးခံနေရပုံလေးကိုကြည့်ပြီး Presenter မောင်မောင်အေးတစ်ယောက် သဘောကျစွာနဲ့ မြေးအဘိုးနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို ဦးညီထွဋ်ရဲ့ခွင့်ပြုချက်နဲ့အတူ လူမှုကွန်ယက် ပေါ်မှာ ဝေမျှလိုက်တာပဲဖြစ်ပါတယ်။ " သားအချစ် မြေးအနှစ် " ဆိုတဲ့ စကားပုံလေးဟာ တကယ်ကိုမှန်ကန်ကြောင်း ဒီပုံရိပ်လေးတွေက သက်သေပြလို့နေပါ တယ်။

ချစ်စရာကောင်းတဲ့ မြေးအဘိုးနှစ်ယောက်ရဲ့ ကြည်နူးစရာအခိုက်အတန့်လေးကို ဦးညီထွဋ်ရဲ့ ချစ်ဇနီးက မှတ်တမ်းတင်ထားတာပဲဖြစ်ပါတယ်။ အားလုံးရဲ့ရင်ထဲကို အမိုက်စားအကြမ်းစား သီချင်းတွေနဲ့ ဝင်ရောက်ခဲ့တဲ့ အလန်းစား Rocker ကြီးက မြေးမလေးလက်ထဲရောက်မှာပဲ နှုတ်ခမ်းနီ ဆိုးခံနေရပုံက တကယ်ကိုရယ်ချင်စရာပါပဲ။ မြေးမလေး ကေသရာကလည်း အဖိုးကို စိတ်ကြိုက်ကိုခြယ်သနေပုံများ ချစ်စရာကောင်းလွန်းပါတယ်။

မြေးအဖိုးနှစ်ယောက်ရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို Presenter မောင်မောင်အေး တစ်ယောက် " မြန်မာ့ Rock ဂီတ ရဲ့ ဂန္တဝင်ဘုရင်ကြီး စင်ပေါ်ကနေ သူခေါ်ဆောင်ရာအသံ နဲ့ဟန်နောက်မှာ လူသန်းပေါင်းများစွာကောက်ကောက်ပါအောင်လိုက်စေနိုင်စွမ်းသူကြီး အခုများတော့ ဒေါ်ကေသရာလေး ရဲ့ လက်အောက်မှာ သူပြုသမျှ နုရ.. ပြားပြားဝပ်နေရရှာ လေပြီ မြေးအနှစ် ဆိုတာကို သက်သေပြနေတဲ့ ချစ်စရာ အကောင်းဆုံးပုံရိပ်တွေ ဒီလိုပုံမျိုး တင်ရကောင်းလားဆိုပြီး စိတ်ဆိုးတော်မူကြမယ့် ကိုညီထွဋ်ရဲ့သည်းသည်းလှုပ်ဖန်တချို့ကိုကြို ပြောထားရဦး မယ်... ဒီပုံကို ဒေါ်ကေသရာရဲ့ အဖွား ( မဒမ်ဦးညီထွဋ် ) ကိုယ်တိုင်ရိုက်ထား ပေးတာဖြစ်ပြီး ပြုံးပြုံးကြီးလာကြွားသူ ကိုညီထွဋ်ကို ဒီပုံလေးတွေ ကိုချစ်လွန်းလို့ FB တင်မယ် နော်ဆိုတော့ သူကိုယ်တိုင် airdrop နဲ့ ကျေကျေနပ်နပ်ကြီးပို့ပေးရင်း ပီတိတွေ ငေါက် တောက်ကိုဖြာနေတော့တာ . " ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်ကနေတဆင့် ပြန်လည်ဝေမျှ လိုက်တာပဲဖြစ်ပါတယ်။

Photo - Mg Mg Aye

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။