ဇာဏ်ခီဟာ “ ဥပါယ်တံမျဉ် ” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှတစ်ဆင့် ပရိတ်သတ်တွေရဲ့ အနက်ရှိုင်းဆုံးနေရာအထိ ရောက်ရှိသွားသူတစ်ယောက်ပါ။ ယောက်ကျားပီသတဲ့ ဇာဏ်ခီရဲ့ပုံရိပ်တွေဟာ ဘယ်ချိန်ကြည့်ကြည့်ဆွဲဆောင်မှုရှိလို့ နေပါတယ်။ လက်ရှိမှာတော့ ရုပ်ရှင်ရိုက်ကူးဖို့ ပြင်ဆင်နေပြီး ကြော်ငြာများလည်းလက်ခံရိုက်ကူးလျက် ရှိပါတယ်။ ချစ်ဇနှီး ခရစ်စတီးနားခီနှင့်သားလေး တို့နဲ့အတူ ပျော်ရွှင်သောမိသားစုဘဝလေးကို တည်ဆောက်လျက်ရှိနေတာပဲ ဖြစ်ပါတယ်။

သူတို့ဇနီးမောင်နှံဟာ အနေအေးဆေးတည်ငြိမ်ပြီး ရင့်ကျက်တဲ့ပြောဆိုမှုတွေကြောင့် လူကြီးလူငယ်မရွေး ပရိတ်သတ်တွေရဲ့ လေးစားချစ်ခင်ခြင်းတွေကို ပိုင်ဆိုင်ထားသူနှစ်ယောက်ဆိုရင်လည်း မမှားနိုင်ပါဘူး။ သူတို့ဇနီးမောင်နှံဟာ အနုပညာအလုပ်ကိုစေတနာပါပါနဲ့ တက်ညီလက်ညီနဲ့လုပ်ကိုင်နေကြသူများဖြစ်ပြီး လိုက်ဖက်လွန်းတဲ့ဇနီးမောင်နှံပဲ ဖြစ်ပါတယ်။ 

တစ်ယောက်ကိုတစ်ယောက်နားလည်မှုတွေနဲ့မိသားစုဘဝကိုပိုင်ဆိုင်ထားတဲ့သူတို့ဇနီးမောင်နှံကို ပရ်သတ်များကလေးစားအားကျနေကြတာပါ။ အခုတစ်ခေါက်မှာလည်း ချစ်ရတဲ့ခင်ပွန်းအတွက် ခရစ်စတီးနားခီကတော့ ရိုမက်တစ်ဆန်ဆန်လက်ဆောင်လေးကိုပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဒါလေးကတော့ သူတို့ရဲ့ပုံရိပ်လေးတွေကိုအလှဆင်ထားတဲ့ စက္ကူပုံးလေးဖြစ်ပြီး ဇာဏ်ခီကတော့ အရမ်းကိုသဘောကျနေတာလည်း ဖြစ်ပါတယ်။ ဒီလက်ဆောင်လေးကို ဇာဏ်ခီရဲ့လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေထားတာလည်း ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။

Source - Zenn Kyi 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။