Kylie Jenner ဟာ အရမ်းချော အရမ်းလှ အရမ်းဟော့တဲ့ Model တစ်ယောက်ပဲဖြစ်ကာ ကလေးအမေလိုတောင်ပြောမရအောင် ခန္ဓာကိုယ်လှပတဲ့ သူတစ်ယောက်ပါ။ သူမဟာ Model လောကမှာအပြင် အစီအစဉ်ကြေညာ သူအဖြစ်လဲ နာမည်ကြီးပါတယ်။ သူမရဲ့ယောကျ်ားကတော့ Travis Scott ပဲဖြစ်ကာ ပရိသတ်ကြီးလဲ သူ့ကိုသိမယ်ထင်ပါတယ်။ Travis ဟာဆိုရင်လဲ အောင်မြင်ကျော်ကြားတဲ့ အဆိုတော်တစ်ယောက်ဖြစ်ကာ သူနဲ့ Kylie တို့မှာ ကလေးတစ်ယောက်ရှိပါတယ်။Kylie ဟာဆိုရင် ကမ္ဘာအငယ်ဆုံး ကိုယ်ထူးကိုယ်ချွန်တဲ့ ဘီလျံနာသူဌေးတစ်ယောက်ဖြစ်ပါတယ်။  

သူမဟာ သူမရဲ့လက်သည်းတွေကို ဒေါ်လာ၁၀၀နဲ့ အလှဆင်ခဲ့ပါတယ်။ ဒါဟာလဲ ဘယ်သူမှ မလုပ်ဖူးသေးတဲ့ လက်သည်းအလှဆင်မှုတစ်ခုပဲလို့ပြောလို့ရပါတယ်။ ကြာသပတေးနေ့က အသက်၂၁နှစ်အရွယ်သာရှိသေးတဲ့ Kylie ဟာ သူမရဲ့ Instagram ပေါ်မှာ လက်သည်းအလှဆင်ထားတဲ့ပုံကို တင်ခဲ့ပါတယ်။ ကမ္ဘာအငယ်ဆုံး ဘီလျံနာဖြစ်လာတဲ့ Kylie ဟာ သူမရဲ့ အောင်မြင်တဲ့ မိတ်ကပ်ကုမ္ပဏီ ဖြစ်တဲ့ Kylie အလှကုန်ပစ္စည်းကို ကျေးဇူးတင်ရမှာဖြစ်ကာ အနည်းဆုံးတန်ဖိုးက ဒေါ်လာသန်း ၉၀၀ ရှိပါတယ်။  

သူမဟာ နာမည်ကြီးအသိုင်းအဝိုင်းကနေဆင်းသက်လာပါသော်လဲ ကိုယ်ထူးကိုယ်ချွန်ခဲ့ပြီး အောင်မြင်ခဲ့တာဖြစ်ပါတယ်။ Interview တစ်ခုမှာ သူမဟာ " ကိုယ်ထူးကိုယ်ချွန်တာကို တခြားဘယ်စကားလုံးမှ သုံးလို့မရပါဘူး ဘာလို့လဲဆိုတော့ အာ့ကမှန်နေလိုပါပဲ...ကျွန်မ ၁၅နှစ်လောက်ကတည်းက မိဘဆိကနေ ပိုက်ဆံမရခဲ့ပါဘူး...ခုကုမ္ပဏီကိုတည်ထောင်ဖို့အတွက် ကျွန်မရဲ့ပိုက်ဆံကို ၁၀၀ရာခိုင်နှုန်းအပြည့် သုံးခဲ့တာပါ " ဆိုပြီးပြောပြခဲ့ပါတယ်။ 

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။