သရုပ်ဆောင်ချောရတနာတစ်ယောက် ခင်ပွန်းဖြစ်သူနဲ့ရွှေလက်တွဲပြီးနောက်မှာတော့ အနုပညာအလုပ်တွေမှာ သိပ်မတွေ့ရတော့ပါဘူး။ အကယ်ဒမီ ဆုကြီးကို ထိုက်ထိုက်တန် တန်ဆွတ်ခူးထားနိုင်ခဲ့ပြီး အနုပညာလောကမှာ အောင်မြင်မှုမှတ်တိုင်တစ်ခုကို အောင်အောင်မြင်မြင်စိုက်ထူထားနိုင်ခဲ့ ပါတယ်။ ပျော်ရွှင်စရာမိသားစုဘဝလေးကိုတည်ဆောက်ပြီး နောက်ပိုင်း ချစ်စဖွယ်သားနဲ့သမီးလေးကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။  

ပရိသတ်တွေလေးစားအားကျရတဲ့ အနုပညာမိသားစုတွေထဲမှာ ချောရတနာတို့မိသားစုလည်း တစ်စုအပါအဝင်ပဲဖြစ်ပါတယ်။ သားနဲ့ သမီးရဲ့ အပြုံးတွေကို နေ့စဉ်ဖန်တီးပေးလျှက်ရှိပြီး ပျော်ရွှင်မှုတွေနဲ့ ဆက်လက်ရှင်သန်နေသူတစ်ယောက်ဖြစ်ပြီး မကြာခဏမိသားစုခရီးလေးတွေထွက်လေ့ရှိတာလည်းတွေ့ရပါတယ်။ ဒီကနေ့မှာလည်း ချောရတနာကတော့ သူမရဲ့ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင် သားလေးနဲ့အတူ ခရီးထွက်နေတဲ့ ပုံရိပ်လေးတွေကို ပြသထားတာတွေ့ရပါတယ် ။  

အဆိုပါ ပုံရိပ်လေးတွေမှာ ချောရတနာကတော့ ခင်ပွန်းသည်နှင့်အတူ ချစ်စရာသားလေးရဲ့ ပုံရိပ်လေးတွေကို ရိုက်ကူးပြသခဲ့ပြီး ပျော်ရွှင်စရာခရီးစဉ်လေးဖြစ်ကြောင်း ရေးသားထားတာပဲဖြစ်ပါတယ်။ အဆိုပါ ချစ်စရာပုံရိပ်လေးတွေနဲ့အတူ " သူလေးနဲ့ခရီးသွားရတာပျော်မောလေးပါ" ဟူ၍ လည်းရေးသားထားပါတယ်။ ပျော်ရွှင်မှုတွေနဲ့ ဖြတ်သန်းခဲ့တဲ့ ချောရတနာတို့မိသားစုပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

pHOTOS - CHAW YADANAR

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။